19

7.3K 692 48
                                    

(U)

Ep(19) Highlight~
သူ့ရဲ့အေးစက်တဲ့ခန္ဒာကိုယ်က မြဲတစေရဲ့ ကိုယ်အပူချိန်မှာ ပျော်ဝင်နေခဲ့ပြီ....။

✰♪✰♪✰♪

ညနေလောက်ကတည်းက မိုးတွေ သည်းထန်စွာ ရွာနေပြီး
အခုညသန်းခေါင်ထိ မတိတ်ဘဲ သည်းနေတာဖြစ်သည်။

အလင်္ကာက ခုတင်ပေါ်မှာ စောင်ကို တစ်ကိုယ်လုံးပတ်ထားပြီး ကျုံ့ကျုံ့လေးထိုင်ကာ
စာကြည့်နေသည်။
မနက်စာမေးပွဲဖြေရမှာမို့လို့ စာစီစာကုံးတွေ အဆိုအမိန့်တွေအတွက်
ရတဲ့အချိန်ကို လုပြီး ကြည့်နေရသည်။
တစ်ဖတ်စာကြည့်ခုံမှာ ထိုင်နေတဲ့ တစေကလည်း
စာကြည့်နေရင်းမှ လက်နှစ်ဖတ်ကို မြှောက်ကာ
အကြောဆန့်လာတာကို အလင်္ကာ သတိထားမိလိုက်သည်။
ပြီးတော့ အလင်္ကာ့ခုတင်နားကို လျှောက်လာပြီး
ဘေးမှာ ဝင်ထိုင်လိုက်သည်။
"အိပ်တော့လေ တစ်နာရီတောင် ထိုးနေပြီ"

"မအိပ်သေးဘူး နည်းနည်းထပ်ကြည့်လို့ ရသေးတယ်"

"တော်ပါတော့ဆို အချစ်ရာ
မနက် စာမေးပွဲဖြေမှ မူးပြီး မဖြေနိုင်ဖြစ်လိမ့်မယ်"
တစေက လေပြေအေးလေးနဲ့ ပြောရင်း
အလင်္ကာ့ဆံပင်တွေကို ဖွပေးလိုက်သည်။
ဒါကိုလက်မခံဘဲ ခေါင်းဆက်မာနေတဲ့
အလင်္ကာက စာအုပ်ပေါ်က အကြည့်တွေကို အခုထိ မဖယ်ခွာသေး။
တစေ သုံးနေကျအကွပ်အတိုင်း အတင်းအဓမ္မလုပ်မှ
ရတော့မယ်ဆိုတာ သဘောပေါက်သွားရသည်။

အလင်္ကာ့အရှေ့က စာအုပ်ကို ပိတ်ပြီး ဆွဲယူကာ
စားပွဲပေါ်ကို ပစ်တင်လိုက်သည်။
အလင်္ကာ မျက်ခုံးတွေ ပင့်လာပြီး
တစေ့လက်ကို လိုက်ဆွဲပေမယ့် မမီလိုက်။
တစေကလည်း အလင်္ကာ့လက်တွေကို ချုပ်ရင်း
ကိုယ်လုံးလေးကို ခုတင်ပေါ် လှဲချပစ်လိုက်သည်။

အကြောမာတဲ့ အလင်္ကာက လှဲချတာကို ပြန်လည် ခုခံပြီး
အနောက်က ခေါင်းအုံးနဲ့
တစေ့ခေါင်းကို ထရိုက်သည်။

တစေက ခုတင်အောက်ကို ဆင်းပြေးပြီး
အလင်္ကာက ခုတင်ပေါ်မှာ မတ်တပ်ရပ်ကာ
ခေါင်းအုံးကိုင်ပြီး စောင့်နေလျက်။
"မင်းဘာသာမင်း အိပ်ချင်ရင်အိပ်တော့
ငါ့ကို လာမနှောင့်ယှက်နဲ့"

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Tempat cerita menjadi hidup. Temukan sekarang