(U)
Highlightရဲ့ အဓိပ္ပါယ်ကို ဘာလေးလို့ ထင်လဲဟင်
ဖတ်ပြီးမှ မဖြေနဲ့နော်😂Ep(30)Highlight~
"မ"✰♪✰♪✰♪
အဲ့နေ့ညက တစေနဲ့အလင်္ကာတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လေဝင်ကြားလပ်မရှိအောင် ဖိကပ်ဖက်တွယ်ထားကြပြီး စောင်ကိုခြုံကာ နွေးနွေးထွေးထွေး အိပ်လိုက်ကြသည်။
မနက်ကိုးနာရီလောက်ကျတော့ ကင်းရယ် သစ်ထင်တို့သုံးယောက်ရယ် ရောက်လာကြသည်။
တစေတို့အိမ်မှာပဲ မနက်စာစားကြရင်း ဂိမ်းဆော့ကြ စကားပြောကြသည်။
တစေက အလင်္ကာကို အပိုင်ခေါ်ထားပြီး ကင်းနဲ့ တုံတုံနဲ့ကတစ်တွဲဆိုတော့ မိငယ်က သစ်ထင်နားသာ ကပ်နေရသည်။
"ပါဆယ်ဂိမ်းဆော့မယ်"
တစေ့ရဲ့အခန်းထဲမှာ ထိုင်နေတဲ့လူတွေကြားကို ကင်းက စက္ကူဘူးလေးတစ်ဘူးကို ပစ်ထည့်ရင်း ပြောလိုက်သည်။
တစေက အဲ့ဘူးလေးကို ကောက်ကိုင်ရင်း ပြန်ပြောလိုက်သည်။
"ရတယ် ဆော့ကြတာပေါ့ စည်းကမ်းက ဘာလဲ""ပါဆယ်ဘူးကိုရထားတဲ့လူက အရှေ့လူရဲ့စေခိုင်းမှု သို့မဟုတ် မေးခွန်းကို မလုပ်ချင်တာ၊ မဖြေချင်တာမျိုး ရှိခဲ့ရင် ဒီဘူးထဲက မဲလိပ်တစ်လိပ်ကို နှိုက်ရမယ်
အဲ့ထဲက ခိုင်းတာ ဒါမှမဟုတ် မေးတာကို ဖြေရမယ်""ok"
အားလုံး သဘောတူလိုက်ပြီး
ခုတင်ဘေးမှာ ခြောက်ယောက်သား ဝိုင်းထိုင်ကာ
အရင်ဆုံး စုံစံစိတိုက်လိုက်သည်။
တစေရှုံးသွားတာကြောင့် သူလိုက်ဖို့ ဖြစ်လာတော့၏။
တစေက သူ့လက်ထဲက ကိုင်ထားတဲ့ဖုန်းကို ဖွင့်ကာ သီချင်းတစ်ပုဒ်ဖွင့်လိုက်သည်။
At my worstရဲ့ ခပ်အေးအေးတီးလုံးလေးက တိုးတိတ်နေတဲ့ အခန်းထဲမှာ ကြီးစိုးထားလျက်...။
"Can I call you baby? Can you be my friend?"
စာသားနှစ်ကြောင်းလောက်ပဲ ရှိသေးတယ်
သီချင်းသံက ရပ်သွားသည်။
အဲ့နောက် တစေ ပြောလိုက်သည်။
"နောက်ဆုံး နမ်းခဲ့တာက ဘယ်တုန်းကလဲ"အားလုံး လှုပ်ရွနေကြတာကနေ တိတ်ဆိတ်သွားခဲ့သည်။
ဘာလို့ဒီလိုမေးခွန်းကြီးကိုမှ ရွေးပြီးမေးရတာလဲ။
အမှန်ဆို သစ်ထင်တို့သုံးယောက်က တစေနဲ့ အရမ်းခင်ကြတာမဟုတ်ဘူး။
အဲ့ဒါကြောင့် နမ်းတဲ့ကိစ္စအထိတော့ ပြောပြဖို့ မလိုလောက်ဘူး။
ဒါပေမယ့် အခုကတော့ ကိစ္စရှိမနေပါဘူးလေ။
ပါဆယ်ထုပ်ကို လက်ခံထားမိတဲ့လူက တစေခန့်မှန်းသလို အလင်္ကာဟုတ်မနေဘဲ တုံတုံဖြစ်နေသည်။
"မနှစ်က ငါ့မွေးနေ့မှာတုန်းက ငါ့အမေကို နမ်းခဲ့တာ"
တစေ့မျက်နှာကြီး ညိုမည်းသွားရသည်။
သူ့အမေကို နမ်းတာကို တစေက ဘာလုပ်ပေးရမှာလဲ။
တစေ ခပ်တည်တည်နဲ့ပဲ ထလာတဲ့ တုံတုံနေရာမှာ အစားဝင်ထိုင်လိုက်သည်။
တုံတုံက သူ့ဖုန်းထဲက သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။
သီချင်းသံတိတ်သွားတဲ့အချိန် ချက်ချင်းမေးလိုက်သည်။
"ကျောင်းမှာ ကိုယ်သဘောကျနေတဲ့လူ ရှိလား"
