37

6.1K 574 80
                                    

(U)

Episode(37)Highlight~
အလင်္ကာဝေက မြဲတစေအတွက် အရာရာပါဆို....။

✰♪✰♪✰♪

ဆုပေးပွဲပြီးတာနဲ့ ကြာညိုရှင်းကို
အလင်္ကာတို့မိသားစုက ကောင်းကောင်းမွန်မွန်နှုတ်ဆက်ပြီး
အိမ်ကို တန်းပြန်လာခဲ့ကြသည်။
ကားထဲမှာကတော့ ဒေါ်ဝေနှင်းဆီတို့အားလုံး
စကြနောက်ကြနဲ့ ပေါ့ပေါ့ပါးပါးပဲ ရှိနေကြသည်။
အလင်္ကာနဲ့ တစေ့အကြောင်းကို တစ်ခွန်းမှ မဟခဲ့ကြ။
အိမ်ပြန်ရောက်လို့ ရေမိုးချိုး
ညစာစားချိန်မှသာ ဒေါ်ဝေနှင်းဆီဘက်က အရင်စကားစပြောလာသည်။
"သားနဲ့ မြဲတစေနဲ့က အခြေအနေ ဘယ်လိုလဲ"
ဒေါ်ဝေနှင်းဆီရဲ့ အသံက ပျော့ပျောင်းနေပြီး
အတင်းအကြပ်သိလိုစိတ်နဲ့ မေးတာမျိုး မဟုတ်ဘူး။
အလင်္ကာ ဖြေချင်လည်းရတယ်။
မဖြေချင်ဘူးဆိုလည်း သူက ဘာမှအပြစ်တင်မှာမဟုတ်ဘူး။

အလင်္ကာ သူ့အမေကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပဲ
ငြိမ်ကြည့်ပြီး ဘေးက အဖေနဲ့ အစ်မသုံးယောက်ကို
တစ်ပြိုင်တည်း ဝေ့ကြည့်လိုက်သည်။
ဦးမျိုးခိုင်နဲ့ သမီးသုံးယောက်က အလင်္ကာ့အဖြေကို ပေါ့ပါးစွာနဲ့ပဲ စောင့်မျှော်နေကြသည်။

အလင်္ကာ ပြောဖို့ ပါးစပ်ကို ပြင်လိုက်သည်။
အဲ့အချိန် ဒေါ်ဝေနှင်းဆီက ဦးအောင်ပြောလိုက်၏။
"သားအတွက် ဖြေရတာ ခက်နေသေးရင်
နောက်မှ ဖြေလည်းရပါတယ်
ဒါပေမယ့် တစ်ခုခုပင်ပန်းတာတို့ ခက်ခဲတာတို့ရှိရင်
အိမ်က မိသားစုဝင်တွေကို အသိပေးတိုင်ပင်ဖို့ မမေ့နဲ့နော်"

အလင်္ကာ လိမ်လိမ်မာမာလေးနဲ့ပဲ
ခေါင်းပြန်ညိတ်ပြလိုက်ပါသည်။
သူ့အတွက် ဖြေဖို့ခက်ခဲနေသေးတယ်ရယ်လို့ မဟုတ်ပေမယ့် အခုချိန်အမှန်တိုင်းဖွင့်ပြောဖို့ကျတော့ သိပ်ပြီးအဆင်ပြေမနေဘူး။
ဘာလို့ဆို သူတို့တွဲတာက တစ်ရက်တောင်မပြည့်သေးသလို
တစ်သက်လုံးအဖြောင့်ပါလို ကြွေးကြော်လာတဲ့ အလင်္ကာအတွက် ဒီကိစ္စက နည်းနည်းလေး မာနထိခိုက်ချင်စရာဖြစ်နေသည်။
ဒါကြောင့် ဝန်လည်းမခံသေးသလို ငြင်းလည်းမငြင်းမိဘဲ တိတ်တဆိတ်သာ နေနေမိသည်။

ညရှစ်နာရီလောက်ရောက်တဲ့အချိန်မှာ
အလင်္ကာ အခန်းထဲဝင်၊ ခုတင်ပေါ် တက်လှဲလိုက်ပြီး
ဖုန်းကို ကောက်ဖွင့်လိုက်သည်။
ချက်ချင်းဆိုသလို တစေ့ဆီက Messageက
'ကတောင်´ဆိုပြီး ဝင်လာခဲ့၏။

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Tempat cerita menjadi hidup. Temukan sekarang