(U)
Ep(21)Highlight~
"သေတော့မယ့် အသံနဲ့..."✰♪✰♪✰♪
အလင်္ကာတို့ မိသားစုက လပြည့်နေ့ကလွဲရင် ကျန်တဲ့ရက်တွေကို အမျိုးတွေအား လိုက်လံကန်တော့၍
နေရာစုံလျှောက်သွားခဲ့ကြသည်။
လပြည့်နေ့ကိုတော့ မိသားစုအတွက် အချိန်ပေးရမယ့်နေ့အဖြစ် သတ်မှတ်ပြီး အိမ်မှာပဲ ချက်ပြုတ်စားသောက်ရင်း တစ်ညတာကို ကုန်ဆုံးစေခဲ့သည်။
အလင်္ကာရဲ့ အစ်မသုံးယောက်က သူတို့မောင်လေးကို
အတော်လေး ချစ်ခင်ကြပြီး မိဘနှစ်ပါးကလည်း အလွန်ပဲ ဂရုတစိုက်ရှိကြသည်။
ပထမ အိမ်ပြန်ရောက်တဲ့ နေ့က လွဲရင် ကျန်တဲ့ရက်တွေမှာ
မြဲတစေရဲ့ နာမည်ကို ထုတ်ပြောပြီး
မစနောက်ကြတော့တာမို့ အလင်္ကာ အတော်ကိုနေရထိုင်ရ သက်သာနေသည်။
ဒါပေမယ့်....သူ့ကိုလိုက်စနောက်မယ့်လူမရှိတော့
လွမ်းသလိုတော့ ရှိမိသား။အလင်္ကာ အခန်းဘေးက ပြတင်းပေါက်မှာ
ခုံယူပြီးထိုင်လိုက်ရင်း ကောင်ကင်ကြီးကို မော့ကြည့်နေမိသည်။
လက ဝိုင်းစက်နေအောင် ပြည့်နေပြီး
ကြယ်လေးတွေကလည်း တဖျက်ဖျက်လတ်နေသေးသည်။
တကယ်တော့ အလင်္ကာဟာ ကောင်းကင်ကို မော့ကြည့်ရတာ ကြိုက်တဲ့လူမျိုးတော့ မဟုတ်ပါဘူး။
ဒါပေမယ့် အခုအချိန်မှာ ကောင်းကင်ကိုကြည့်ရတာ
စိတ်ထဲက လွမ်းဆွတ်မှု အစိုင်အခဲကို ပြေပျောက်သွားစေတယ်လို့ ခံစားရပြီး နားထဲမှာလည်း တစ်စုံတစ်ယောက်ရဲ့ သီချင်းဆိုညည်းသံကို ကြားယောင်နေမိသေးသည်။ဒီတစ်ခေါက်အိမ်ပြန်ရတာ ဘော်ဒါမှာ သူ့ရဲ့အရေးကြီးတစ်စုံတစ်ခု ကျန်နေခဲ့သလိုကြီး ခံစားရပြီး
အဲ့အရာကိုလည်း အတော်ကြီးလွမ်းဆွတ်နေသလို ဖြစ်နေသည်။
အလင်္ကာ ပါးစပ်ကလေးကို ဟလိုက်ရင်း"အာ..."ဟူ၍
အသံပြုလိုက်သည်။
"ဘော်ဒါမှာ ငါ့အကြိုက်ဆုံး အတွင်းခံ ထားခဲ့မိတာပဲ"အလင်္ကာ ထိုင်ခုံပေါ်မှာ ဒူးနှစ်ချောင်းထောင်နေပြီး
အကြာကြီးဆက်ထိုင်နေလိုက်သည်။
အဲ့အချိန် ဘေးက စားပွဲကနေ အသံထွက်လာတဲ့
ဖုန်းRingtoneသံ....။
အလင်္ကာစိတ်ထဲထင်မိတာ အရင်နေ့တွေက တစ်ယောက်တစ်လှည့်ဆက်နေကြတဲ့ သစ်ထင်တို့သုံးယောက်လို့ပေါ့။
ဒါပေမယ့် ဖုန်းရဲ့မျက်နှာပြင်ကို ကြည့်လိုက်တဲ့အချိန်မှာ
နံပါတ်အတိုင်းကြီးပေါ်နေတဲ့ ဖုန်းဖြစ်နေသည်။
အလင်္ကာ စဥ်းစားမနေတော့ဘဲ ဖုန်းကို ကိုင်ကာ နားနားကပ်လိုက်သည်။
"အချစ်"
အလင်္ကာ ဘာမှမပြောရသေးခင်မှာတင် တစ်ဖတ်ကခေါ်ဆိုသူက ရွှင်လန်းတဲ့အသံနဲ့ ပြောလိုက်တာဖြစ်သည်။
ချက်ချင်းဆိုသလို အလင်္ကာ မေးလိုက်သည်။
"မင်းငါ့ဖုန်းနံပါတ်ကို ဘယ်လိုသိတာလဲ"