(U)
Ep(15)Highlight~
ကြာလေ....ကြာလေ....အရှိန်မြင့်လေ....။✰♪✰♪✰♪
တစေတစ်ယောက် ငေါင်တောင်တောင်နဲ့
စာကြည့်စားပွဲမှာ ထိုင်နေချိန် အလင်္ကာ ရေချိုးခန်းထဲက
ထွက်လာသည်။
"ရေသွားချိုးလို့ရပြီနော် တစေ"တစေ ခေါင်းကို ပျင်းတွဲစွာနဲ့ တဆက်ဆက်ညိတ်ရင်း
ခုံမှာသာ ဆက်ထိုင်နေသေးသည်။
အလင်္ကာ ကိုယ်လုံးကို တဘက်နဲ့သုတ်လျက်
တစေ့အနားမှာ မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ကျူရှင်ချိန်နောက်ကျရင် ငါမစောင့်ဘူးနော်"အဲ့လိုပြောတော့ တစေက သူ့ကိုလာခြိမ်းခြောက်နေတာလားဆိုတဲ့ပုံစံနဲ့ ပြုံးလိုက်ပြီး
အလင်္ကာ့ကို မော့ကြည့်လိုက်သည်။
ဟင်း.......။
ဒီကောင်လေးက သူ့ကိုလာပြီးမြှူစွယ်နေပြန်ပြီ။
ကင်းရဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူစိတ်မကောင်းတာတွေ
ကွယ်ပျောက်သွားတဲ့အထိ ကောင်လေးကို သူထိတွေ့ချင်နေပြန်ပြီ။
တစေ့ရဲ့မျက်လုံးတွေရဲ့ လားရာကို သိနေတဲ့ အလင်္ကာက
ချက်ချင်းပဲ လှည့်ထွက်မယ်လုပ်တော့
မုဆိုးကပိုသွပ်သွားပုံရသည်။
သားကောင်ဖြစ်တဲ့ အလင်္ကာ့ရဲ့ လက်ကိုဆွဲကာ
သူ့ပေါင်ပေါ်ကို ဆွဲသိမ်းပစ်လိုက်သည်။
ပြီးတော့ အလင်္ကာ့ကိုယ်လေးကို သိမ်းဖက်ထားပြီး
ပုခုံးလေးကိုလည်း နှုတ်ခမ်းနဲ့ထိကပ်ထားသေးသည်။
အလင်္ကာ စိတ်ကျဥ်းကြပ်သလိုဖြစ်ပြီး
တစ်ကိုယ်လုံး ပူလောင်လာပေမယ့်
ရုန်းဖို့အတွက် သူ့မှာစိတ်ကူးရှိမနေခဲ့ဘူး။
ဘာလို့ဆို အခုတစေက အရမ်းစိတ်ထိခိုက်နေတဲ့ပုံပေါ်ပြီး
တစ်ယောက်ယောက်ဆီက အားပေးမှု လိုအပ်နေတယ်လို့ ထင်တာကြောင့်ဖြစ်သည်။အစောပိုင်းကမှ ရေချိုးပြီးအေးမြနေတဲ့
အလင်္ကာ့ကိုယ်လေးက တစေရဲ့ခန္ဒာကိုယ်နဲ့ လက်တွေရဲ့ချည်နှောင်ထားမှူမှာ
နွေးခနဲ ခံစားနေရသည်။
အဲ့ဒါထက် တစေ့ရဲ့နှုတ်ခမ်းက အအေးခံထားတဲ့ ရေနွေးအိတ်လေးလိုပဲ။
အရမ်းပူမနေသလို အရမ်းကြီးလည်းအေးစက်မနေဘူး။
ပုခုံးပေါ်လေးမှာ နွေးနွေးလေးနဲ့ အတော်နေလို့ကောင်းသည်။
မြဲတစေတော့ မသိဘူး
အလင်္ကာဝေရဲ့ နှလုံးသားကတော့ မြန်ဆန်စွာ ခုန်ပေါက်ပြေးနေတဲ့ မြင်းတစ်ကောင်လိုပဲ
ကြာလေ...ကြာလေ.....အရှိန်မြင့်လေ....။