12

8.4K 812 33
                                    

(U)

Ep(12) Highlight~
"နေမင်းကွယ်ညှိုးရင် မိုးညမှောင်အရိပ်ဝယ်
အို...ဝေရယ် အနမ်းဝေဖြာမယ်"

✰♪✰♪✰♪

တစ်နေ့တစ်နေ့ မရိုးရအောင် လိုက်အီတတ်သော
တစေ့ကို ကြာလာတော့ အလင်္ကာလည်း
စိတ်တိုဒေါသထွက်ပြီး ဘာမှပြန်မပြောဖြစ်တော့ချေ။
အလင်္ကာက တွက်စာပိုင်းမှာ တစ်ခါတလေ
အူကြောင်ကြောင်နိုင်တတ်ပြီး အင်္ဂလိပ်စာပိုင်းမှာလည်း
တစ်ခါတရံရှန်းတတ်သေးသည်။
အခုနောက်ပိုင်း တစေက သူ့ကို အခန်းထဲမှာ စာကူလုပ်ပေးတာကြောင့် သူ့ရဲ့ပျက်ချော်ချော်နိုင်တဲ့
အမှတ်တွေလည်း အရင်ကထက် ပိုတိုးတက်လာခဲ့သည်။
စာကူလုပ်ပေးလို့ ကျေးဇူးတင်မယ်မကြံနဲ့
ဟိုသေနာကောင်တစ္ဆေက နှာဘူး ထထလာတတ်တာကြောင့်
အလင်္ကာ အပြည့်အဝတောင် အကောင်းမမြင်ချင်သေးပေ။

မနက်စာစားပြီး ကျောင်းကိုသစ်ထင်တို့နဲ့
အတူလာစဥ် Notice boardမှာ ကျောင်းသားတွေ ဝန်းရံနေတာကြောင့် အလင်္ကာတို့လေးယောက်လည်း ဝင်ကြည့်မိကြသည်။
မိငယ်က စတင်အသံထွက်ပေါ်လာ၏။
"ဟင် နောက်တစ်ပတ် လပတ်စာမေးပွဲတဲ့"

"ဟင်း တစ်ပတ်အလိုမှ အသိပေးတတ်တဲ့ ကျောင်းရဲ့အစဥ်အလာကတော့ အခုထိမပျက်နိုင်သေးဘူး"
တုံတုံက စိတ်ပျက်စွာပြောလိုက်ပြီး
အနောက်ကို ရုတ်တရက်လှည့်လိုက်ချိန်
အရပ်ရှည်ရှည်ကျောင်းသားတစ်ယောက်ရဲ့ ရင်ဘက်နဲ့
သူ့ရဲ့နဖူးနဲ့ ပြေးဆောင့်မိသည်။
"အာ့"
တုံတုံ့အသံကိုကြားတော့ ဘေးကအလင်္ကာတို့သုံးယောက်လည်း ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

တုံတုံကသူ့နဖူးလေးကို လက်ဖျားလေးတွေနဲ့ကိုင်ရင်း
မော့ကြည့်လိုက်တော့ ကျောင်းရဲ့ ဘုရင်ကြီး
ကင်းဖြစ်နေလေသည်။
Visualကြီးက ရှယ်ပဲ။
သူ့ကို၉တန်းနှစ်တည်းက မကြာခဏမြင်ဖူးပေမယ့်
အခုလိုအနီးကပ်ကြီးကျ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
သူက တစေ့လို အမြဲဆူပူမနေတတ်
ပြုံးတယ်လို့လည်းမခေါ်တဲ့
နူးညံ့မှုတစ်ခု သူ့မျက်နှာမှာ အမြဲရှိနေတတ်သည်။
အခုလည်း ဒီအတိုင်းပဲ
သူ့နှုတ်ခမ်းတွေက ပြုံးမနေပေမယ့်
သူ့မျက်လုံးတွေက မတရားကိုတောက်ပနေ၏။
တုံတုံမျက်တောင်မခတ်တမ်း မော့ကြည့်နေတဲ့အချိန်
ကင်းဆီက စကားသံထွက်ပေါ်လာခဲ့သည်။
"ဘာဖြစ်သွားသေးလဲ"

တစ္ဆေအလင်္ကာ/တစၧေအလကၤာ(Completed)Tahanan ng mga kuwento. Tumuklas ngayon