Zawgyi🍀
ရှင်းနောင်ဦး နိုးလာတော့ အငွေ့အသက်ကြောင့် ဆေးရုံမှာမှန်း သိလိုက်ရသည်။ထဖို့ပင်နေတဲ့ သူ့ကို ဆရာဝန်က ထူပေးသည်။
"ကျွန်တော် ဆေးရုံက ဆင်းလို့ရပြီလား"
"ကိုယ်ဝန်နဲ့လဲ ဆိုတော့ ဒီညတစ်ညတော့ ဆေးရုံမှာ နားစေချင်တယ်။စိတ်ဖိစီးမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်မှာ စိုးရိမ်လို့ပါ"
"ဟုတ်ကဲ့"
အစကတော့ ကုမ္ပဏီပြန်ဖို့ လုပ်ထားပင်မယ့် ကလေးဆိုတဲ့ အသိကြောင့် ဆရာဝန်စကား နားထောင်လိုက်သည်။မနက်ဖြန်ကျရင်တော့ ပြဿနာတွေ ရှင်းရမယ်။ဆရာဝန်ထွက်သွားတော့ အတွင်းရေးမှူးကို ခေါ်လိုက်သည်။
"နောင်မြတ်ပိုင် သူငှေးဝနကျော်စွာရော "
ဝန်ထမ်းတွေရှေ့မှာ အရိုအသေမဲ့မှာစိုးတာကြောင့် နာမည်သာ ခေါ်သည်။
"ကျွန်တော် လှမ်းတော့ပြောထားပါတယ် ဒါပင်မယ့် ခုထိ"
"ရပြီ မင်းအခု ကုမ္ပဏီကိုပြန် ရှယ်ယာရှင်တွေကို မနက်ဖြန် နေ့လည် ၁၁နာရီ အစည်းအဝေးခေါ်လိုက်"
"ဒါပင်မယ့် သူငှေးတစ်ယောက်ထဲ ဒီမှာနေလို့ ဖြစ်ပါ့မလား"
"ငါပြောသလိုသာ လုပ်ပါ"
"ဟုတ်"
နောင်မြတ်ပိုင် ထွက်သွားတော့ သူကိုကို့ဆီ ဖုန်းဆက်လိုက်သည်။ဆက်သွယ်မှု ဧရိယာပြင်ပဆိုတဲ့ အသံကလွဲပြီး ဘာမှပြန်မကြားရ။အဲ့ဒါကြောင့် စာဘဲ ပို့ထားလိုက်သည်။"သားးး"
မာမီရောက်လာသည်။အသည်းအသန်လာပုံရသည်။ အလှအပကြိုက်တဲ့ မာမီက နှုတ်ခမ်းနီတောင်မပါပေ။"မာမီ"
"သားရယ် ဘယ်လိုဖြစ်ရတာလဲ"
"စိတ်ထိခိုက်သွားရုံပါ"
"ဘာမှစိတ်မထိခိုက်နဲ့ သားနေကောင်းမှ မာမီတို့ အဲ့ကုမ္ပဏီကို နိုင်အောင်တိုက်နိုင်မှာပေါ့ ပြီးတော့ သားဝနလဲ ရှိတာဘဲ။
ဝနက သားတွက် ပြန်တိုက်ပေးမှာပါ"မာမီ့စကားကို သူအနည်းငယ်ပြုံးလိုက်သည်။ဖောက်ပြန်နေတဲ့ ကိုကိုက သူ့နားရှိနေပေးပါ့မလား။