Ep.....43

1K 99 4
                                    

Zawgyi

"ငါ့ကို တုန်နေအောင်ချစ်တဲ့ ငါ့ယောက်ျားက ငါ့ကို စွန့်ပစ်မယ်တဲ့လား......မရယ်ရဘူးလား "

"နောက်မှ ပေါ်လာတဲ့ နင့်ကိုသာ တုန်နေအောင် ချစ်ရင် သူရဲ့ ငယ်ချစ်ဦးသာ ဆိုရင် ဘယ်လောက်တောင် ချစ်လိုက်မလဲ
ပြီးတော့ နင်က အစားထိုးခံ သကက်သက်ပဲ"

"ဘာ!!"

ကြယ်တာရာက ခပ်ထေ့ထေ့ရယ်ကာ အရှေ့က အအေးခွက်ကို ယူသောက်လိုက်ပြီး သူ့အိတ်ထဲက ဓာတ်ပုံတစ်ပုံ စားပွဲပေါ် ပစ်ပေးသည်။

"ကြည့်ကြည့်ပါအုံး"

ရှင်းနောင်ဦး ဓာတ်ပုံကို ယူကြည့်လိုက်တော့ ကောင်လေးတစ်ယောက်။ သူနဲ့ ဆင်သည့် ကောင်လေး တစ်ယောက်။ ဒါပင်မယ့် ဒိကောင်လေးက သူ့လောက် အသားမဖြူပေ။

"သူက.."

"သူက အတ္တမိုးမာန်ရဲ့ ငယ်ချစ်ဦး လရောင် ဆိုတာလေ။ နင်နဲ့ ဆင်တယ်နော်။ လရောင်က သေသွားတာ။ အဲ့တုန်းကဆို အတ္တမိုးမာန်က အရူးတပိုင်းဖြစ်သွားတာတဲ့ အဟက်..."

"ဒီမှာ ကြယ်တာရာ မင်းဘာကိစ္စ ငါ့ကို ဒီအကြောင်းတွေ လာပြောနေလဲ"

"ဘဝင်မြင့်နေတဲ့ နင့်ကို သိစေချင်လို့ပါ။ လရောင်ကို စွဲလမ်းတဲ့ အတ္တမိုးမာန်ဆိုတဲ့ လူက နင့်ကို အနားကို ဘာကြောင့်ခေါ်ထားသလဲ။ အဖြေက ရှင်းရှင်းလေး .....နင်က သူ့ရဲ့ ငယ်ချစ်ဦး လရောင်နဲ့ တူလို့ပဲ .....သူ့ငယ်ချစ်ဦးနေရာမှာ နင့်ကို အစားထိုးထားတာ"

ရှင်းနောင်ဦး နားထဲ သူ့ငယ်ချစ်ဦးအစား နင့်ကို အစားထိုးထားတာ ဆိုတဲ့ အသံက စွဲထင်ကျန်ရစ်နေသည်။ မဖြစ်နိုင်တာ အတ္တက သူ့ကို ဒီလို လုပ်မယ့် သူမှ မဟုတ်တာ။

အတ္တရာ.....မင်းငါ့ကို စစတွေ့ကတည်းက အနားမှာ ခေါ်ထားတာ အဲ့တာကြောင့်လား.....ငါက တစ်ကယ်ဘဲ အစားထိုးခံ သပ်သပ်ပဲလား။

ရှင်းနောင်ဦး ဦးနှောက်ထဲ မေးခွန်းတွေ ထွက်လာသည်။
မင်းငါ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လားကွာ။

"ကဲ ဒါဆို ခွင့်ပြုပါအုံး အဟက် စိတါလဲ အရမ်းမထိခိုက်ပါနဲ့
နင့်ကို ဘယ်သူကမှ အလိုမရှိတာ သိပြီမလား...."

After the painWhere stories live. Discover now