Zawgyi
ရှင်းနောင်ဦး ကိုယ်ဝန်နဲ့မို့ တစ်နေ့တစ်နေ့ အိမ်ထဲမှာသာ နေ နေရသည်။ အတ္တခေါ်ပေးထားတဲ့ ဆရာဝန်တွေ တိုက်တဲ့ အားဆေးသောက်လိုက် အိပ်လိုက်နဲ့သာ အချိန်ကုန်နေရတာကြောင့် ဝတုတ်လေး ဖြစ်နေသည်။
အတ္တခေါ်ထားတဲ့ ဆရာဝန်ထဲက မျက်လုံးမှေးမှေးနဲ့ ဆရာဝန်လေးက သူ့ကို အမြဲ အားဆေးတိုက်သည်။ အဲ့အားဆေးသောက်တိုင်း အမြဲ အိပ်ပျော်နေကာ ခြေလက်တွေ ထုံကျင်နေတတ်သည်။
ရှင်းနောင်ဦး အိပ်နေတုန်း အသံတွေ နားတိုးတ်ုး တိုးတိုးကြားနေရတာကြောင့် မျက်လုံးကို အားယူဖွင့်လိုက်သည်။
မျက်လုံးဖွင့်လိုက်တော့ အတ္တနဲ့ လင်းချုံ နံရံကို ကြည့်ပြီး အလုပ်ရှုပ်နေသည်။"အတ္တ..."
"အာ သည်းငယ် နိုးပြီလား"
"အွန်း ဘာတွေ လုပ်နေတာလဲ"
"ကိုယ်တို့ကလေးတွက် ပြင်ဆင်နေတာလေ ကိုယ်စာအုပ်ထဲ ဖတ်မိလိုက်လို့။ ကိုယ်ဝန်ဆောင်နေတဲ့ ချိန်မှာ ကိုယ်ဝန်သည် အကြည့်များတဲ့ သူက ကလေးနဲ့ တူတယ်တဲ့ အဲ့တာကြောင့် သည်းငယ် အမြဲကြည့်ဖို့ ပုံကပ်မလို့"
"ဘာပုံလဲဟင် ငါလဲ Kကို ကလေးလေးပုံတွေ မှာမလို့ တွေး.....အယ် အတ္တ"
ရှင်းနောင်ဦး ပြောစရာ စကားပျောက်ဆုံးသွားသည်။ သူလဲ သိပါသည်။ ကိုယ်ဝန်သည်တွေက သူတို့အိမ်မှာ ချစ်စရာ ကလေးပုံလေးတွေ ကပ်ထားတတ်ကြတယ် မဟုတ်လား။ အခုတေတ့ အတ္တ အခန်းထဲ ကပ်ထားမယ့်ပုံကြောင့် ရှင်းနောင်ဦး ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။
"မရီးရယ် မရီးဘဲ ကြည့်ပြောတော့ ဒီကောင်က ရူးနေပြီ"
လင်းချုံးက ပြောပြီး အခန်းထဲက ထွက်သွားသည်။
"အတ္တရယ်......ချစ်ဖို့ကောင်းတဲ့ ကလေးတွေပုံ ကပ်ထားတာဘဲ ငါမြင်ဖူးပါတယ် အခုဟာက"
"မရပါဘူး...ဘယ်က ကလေးပုံတွေမှန်းမသိဘဲ သူတို့ပုံတွေကပ်ရင် သူတို့နဲ့ တူနေမှာပေါ့ ။ ကိုယ်က ကလေးအဖေလေ ကိုယ်နဲ့ဘဲ တူရမှာပေါ့"
ဟုတ်ပါသည်။ အတ္တမိုးမာန်ဆိုတဲ့ လူက တစ်ခန်းလုံး သူ့ပုံတွေ ကပ်ဖို့ ကြံစည်နေခြင်းပါ။