Ep.....39

1K 105 6
                                    

Zawgyi❣️

အတ္တ အရက်ထိုင်သောက်ရင်း အရက်အရသာတောင် မသိတော့ဘဲ ဖြစ်သမျှကို လိုက်မှီအောင် စဉ်းစားနေမိသည်။
ဆိုတော့ ဝနကျော်စွာက သူ့ရဲ့ ပျောက်သွားတဲ့အကို အာကာမိုးမာန်ပေါ့။သူ့အကိုက သည်းငယ်ရဲ့ယုတ်မာတဲ့ အရင် ယောကျာ်းပေါ့။

အဟက်~~~~~ရုပ်ရှင်တောင် ရိုက်လို့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်။ ဒါဆို သူက အကိုဖြစ်သူရဲ့ အရင်ယောကျာ်း သူ့ရဲ့ ယောက်ဖကိုမှ ချစ်မိသွားတယ် ဆိုပါတော့....

စောက်ရမ်းကောင်းတယ်...ဘဝကစောက်ရမ်း မိုက်နေပြီ။
သည်းငယ်အပေါ် ယုတ်မာလို့ သူလက်စားချေချင်တဲ့ သူက သူ့အကိုအရင်းတဲ့လေ။ ဘယ်ကောင်က သူ့ဘဝကို ဒီလို ဖန်တီးထားတာလဲ။သူ့အတွက် ပျော်ရွင်ခွင့် မပေးတော့ဘူးလား။

သူတွေးထားတာက အားလုံး ပြီးရင် သူနဲ့ သည်းငယ် ပျော်ပျော်ကြီး နေသွားကြမယ်။ ဝနကျော်စွာ ၊ ကြယ်တာရာနဲ့ ဦးရှိန်ရာကို ကောင်းကောင်းကြီး ပညာပေးပြီးရင် ပျော်ရွင်ရတော့မယ် ထင်ထားတာ။  အခုတော့ စောက်တလွဲတွေ ဖြစ်ကုန်ပြီ။

အကိုက ငယ်ငယ်က အဲ့လိုမဟုတ်ပါဘူး။ဒီလို စိတ်ဓာတ်လဲ မဟုတ်သလို ဒီလိုပုံစံလဲ မဟုတ်ဘူး။ အတိတ်မေ့တယ် ဆိုတာ ကျိန်းသေသည်။ မဟုတ်ရင် သူ့ကိုမှတ်မိမှာဘဲ ။ သူ့ကိုမမှတ်မိရင်တောင် Marsဂိုဏ်းဆိုတာနဲ့ တန်းသိမှာ။

ဦးရှိန်ရာ ခင်ဗျားက ဘာလဲ။  ဘာလို့ ဝနကျော်စွာက ကျုပ်အကိုမှန်း သိနေရတာလဲ။ ခင်ဗျား အကြောင်းတွေ တစ်ခုချင်း ဆွဲဖော်ပြီး ခင်ဗျားဘဝစုတ်ပြတ်အောင် လုပ်ပေးမှာမို့ ခဏစောင့်နေလိုက်....

"အတ္တ !!! အတ္တ"

အသဲအသန် ပြေးလာတဲ့ လင်းချုံကြောင့် သူမျက်မှောင်ကြုတ်လိုက်သည်။

"မရီး သတိလစ်သွားလို့"

"ဘာ!!"

"အခန်းထဲ တစ်ယောက်ထဲမို့ တစ်ခုခုလုပ်ပစ်မှာစိုးလို့ ငါဝင်ကြည့်တော့ သတိမေ့နေတယ်"

ဝုန်းးးးးး

ထိုင်နေရာက ဝုန်းကနဲ ထကာ အပေါ်ထပ် ပြေးသွားတဲ့ အတ္တကို ကြည့်ပြီး လင်းချုံ ပြုံးလိုက်ပြီး အနောက်က လိုက်သွားလိုက်သည်။

After the painWhere stories live. Discover now