Zawgyi❣️
ရှင်းနောင်ဦး ပြောနေရင်း အနောက် လူတစ်ယောက် ရှင်းနောင်ဦးရဲ့ မျက်နှာကို အဝတ်တစ်ခုနဲ့ အုပ်လိုက်တာကြောင့် ရုန်းကန်နေမိသည်။အတ္တကိုလဲ တမ်းတနေမိသည်။ ငါ့ကို ကယ်ပါအုံး အတ္တ....
နောက်ဆုံး ရှင်းနောင်ဦး လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားသည်။
မေ့ဆေးအရှိန်နဲ့ မေ့မျောသွားတဲ့ ရှင်းနောင်ဦးကို ထိုလူများက ကားပေါ်တင်ကာ တစ်နေရာရာကို ဦးတည်သွားသည်။
အတ္တ အလုပ်တွေ ပြီးတော့ သည်းငယ်ကို ကြိုဖို့ ကုမ္ပဏီကို လာခဲ့လိုက်သည်။ကုမ္ပဏီရောက်တော့ သည်းငယ်ကို အံသြစေချင်တာနဲ့ ဖုန်းမဆက်တော့ဘဲ သည်းငယ် ရုံးခန်းဆီ ဦးတည်သွားလိုက်သည်။
သည်းငယ် ရုံးခန်းရှေ့ရောက်တော့ ဝနကျော်စွာက သည်းငယ် ရုံးခန်ထဲက ထွက်လာသည်။အတ္တရဲ့ တည်တင်းနေတဲ့ မျက်နှာက ပိုလို့ပင် တည်တင်းသွားသည်။
"အတ္တမိုးမာန်..."
ဝနကျော်စွာက သူ့ကိုတွေ့တော့ သူ့နာမည်ကို ရေရွတ်သည်။
"အင်းးးငါ အတ္တမိုးမာန် "
"ကိုအတ္တမိုးမာန်က ဘာလာလုပ်တာလဲ"
"သည်းငယ်ကို လာကြိုတာလေ ပြီးတော့ ရှယ်ယာဝင်ထားတာ ငါပါ ဒီကုမ္ပဏီ ငါဝင်တဲ့ချိန်ဝင် ငါထွက်ချိန်တဲ့ချိန် ထွက်လို့ရတယ်"
"ဟမ် ရှင်းလေးက ပြန်သွားပြီလေ"
ဝနကျော်စွာ စကားကြောင့် အတ္တမျက်မှောင်ကြုတ်လိုက်သည်။
"မင်းကို ရှင်းလေးလို့ ဘယ်သူက ခေါ်ခွင့်ပေးထားလို့လဲ"
"အဟက် ဒါက ရှင်းလေးကို ဟိုးငယ်ငယ်ထဲက ခေါ်လာခဲ့တာလေဘယ်သူ့ခွင့်ပြုချက် လိုသေးလို့လဲ ရှင်းလေးကလဲ
သူ့ကို အဲ့လိုခေါ်ရင် သိပ်သဘောကျတာ ဒါပင်မယ့် ကျွန်တော်ဘဲ ခေါ်ခွင့်ရှိတဲ့ နာမ်စားလေးလေ"ဝနကျော်စွာက ပြောပြီး အတ္တ ပခုံးကို တိုက်ကာ ထွက်သွားသည်။
အတ္တမေးရိုးက သွေးကြောတွေ ထောင်အထိ အံကြိတ်ထားပြီး
လက်က သွေးကြောတွေ ပေါက်ထွက်မတတ် လက်သီးစုပ်ထားသည်။