Zawgyi🍀
ရှင်းနောင်ဦး နိုးတော့ အခန်းထဲ ခုနလူလဲ မရှိတော့ပေ။ဝမ်းဗိုက်က ဒဏ်ရာနဲ့ ဝမ်းဗိုက်က ဒဏ်ရာအရှိန်နဲ့ ခန္ဓာကိုယ်က သံနဲ့ ရိုက်ထားသလို နာကျင်ကိုက်ခဲနေသည်။ မထနိုင်တာကြောင့် သူပြောခဲ့တဲ့ အတိုင်း ကုတင် ခေါင်းရင်းက ခလုတ်ကို နှိပ်လိုက်သည်။
ခနနေတော့ အဒေါ်ကြီး တစ်ယောက်က ဝင်လာပြီး ဆန်ပြုတ်နဲ့ ဆေးတွေယူလာပေးသည်။
"ဟိုလေ ခုနကလူရောဟင်"
အစားစားနဲ့ ဆေးတွေ ပို့ပြီးတာနဲ့ ပြန်ထွက်ဖို့လုပ်နေတဲ့ အဒေါ်ကြီးကို ရှင်းနောင်ဥိး မေးလိုက်သည်။
"Bossက အလုပ်ခန်းထဲမှာပါ သွားခွင့်ပြုပါအုံး လိုအပ်တာရှိရင် ခုနက ခလုတ်ကို နှိပ်ပြီး ခေါ်လိုက်ပါ "
"ဟုတ် ကျေးဇူးပါဗျ့"
အဒေါ်ကြီး ထွက်သွားပြီးနောက် သူဗိုက်ကလဲ အရမ်းဆာနေတာကြောင့် ထစားဖို့ လုပ်ပင်မယ့် ဝမ်းဗိုက်က ဒဏ်ရာအရှိန်နဲ့ ထလို့မရ။မရမက ထြကည့်တော့ ထလို့မရတဲ့အပြင် နာကျင်မှု ကြောင့် မျက်ရည်ပါကျလာသည်။
နာကျင်မှုကြားက သူတွေးမိတာ မေမေ။ မေမေ အခုဆို ဘယ်လိုများ နေနေမလဲ။ သူ့ကို လိုက်ရှာနေလောက်တယ်။ ဒါပင်မယ့် ကိုကို မဟုတ်ဘူး ဝနကျော်စွာကရော သူမေမေကို တစ်ခုခုမလုပ်လောက်ဘူးမလား။ သူလုံးဝမထင်ထားခဲ့ဘူး။ ဘယ်လောက်ဘဲ သူ့အပေါ်ရက်စက်နေပါစေ သေနတ်နဲ့ပစ်သတ်လောက်ရတဲ့အထိ မုန်းနေလိမ့်မယ်လို့ မတွေးခဲ့မိဖူးပေ။
သူသိပ်ကို ချစ်တဲ့လူက သူ့ဘေးမှာတစ်ချိန်လုံးနေပြီး အလိမ်အညာ အချစ်တွေ ပေးပြီး မုန်းနေခဲ့တာတဲ့လား။
အရာအားလုံးက မျက်လှည့်တစ်ခုလိုပင်။ ဖေဖေကလဲ အဲ့လိုလူယုတ်မာ မဟုတ်သလို ဝနကျော်စွာကိုလဲ အဲ့လို လူပါလို့ကို မတွေ့ခဲ့မိဖူးဘူး။
ဖောက်ပြန်ပြီး သူ့ကုမ္ပဏီကို အပိုင်သိမ်းတဲ့ အထိတောင် နာကျည်းပင်မယ့် သူချစ်နေတုန်းဘဲ မလား။ ဘာလို့ နာကျင်ရတဲ့ အချစ်ကို သူထွေးပွေ့မိထားပါလိမ့်။
ကျွီ
"အစာစားပြီး ဆေးမသောက်ဘဲ ဘာလို့ ငိုနေတာလဲ"