Zawgyi❣️
အတ္တနဲ့ Kက ဦးရှိန်ရာရဲ့ နယ်မြေကို ဝင်စီးဖို့ စီစဉ်ထားရာကနေ ခိုးဝင်ပြီး အချက်အလတ် ယူဖို့ဘဲ ဆုံးဖြတ်လိုက်ကြသည်။
"မနက်ဖြန် ဝင်ဖို့ အသင့်တော်ဆုံးဘဲ မနက်ဖြန် မဲစွယ်ပွဲရှိလို့ ဦးရှိန်ရာ သူ့လူတွေကို ခေါ်သွားလောက်တယ်"
Kရဲ့ အပြောကို အတ္တ ခေါင်းငြိမ့် အသိအမှတ်ပြုလိုက်သည်။
"အွန်း ဒါဆို မနက်ဖြန် ခိုးဝင်မယ်"
"ဟမ် ကျွန်တော်သွားရမှာ မဟုတ်ဘူးလား Boss"
"ငါလဲ လိုက်မှာ မင်းတစ်ယောက်တည်းလဲ ငါမလွှတ်နိုင်ဘူး"
"ဒါပင်မယ့်..."
"မရှည်နဲ့!! "
အတ္တအော်လိုက်တာကြောင့် Kငြိမ်သွားသည်။ အတ္တအတွက် Kက ညီအစ်ကိုလိုပင်။ ဘယ်လိုဘဲဖြစ်ဖြစ် အန္တရာယ် များတဲ့နေရာကို တစ်ယောက်တည်းတော့ မလွှတ်နိုင်ပါ။
လွှတ်လို့လဲ ရမယ် ထင်နေလား။ လင်းချုံက သောင်းကျန်းတာကိုလဲ သူမထိန်းနိုင်ပါ။ Kကိုသာ တစ်ယောက်တည်း လွှတ်ကြည့်ပါလား......အတ္တမိုးမာန် ဆိုတဲ့ သူ့ကို ဘယ်သူမှ မထိနိုင်ပင်မယ့် လင်းချုံကတော့ သူ့စံအိမ်တွေကို မီးရှို့မယ့် အကောင်လေ....
"မရဘူးနော် မသွားရဘူး ငါတစ်ကယ် စိတ်မချဘူး အတ္တ"
ကုတင်ပေါ်မှာ ခြေဆင်းပြီး ဆူဆောင့်နေတဲ့ သည်းငယ်က သူ့ရှေ့မှာဆို ကလေးတစ်ယောက်လိုပင်။ ကျန်တဲ့လူတွေရှေ့ဆို သည်းငယ်က သူ့လောက်နီးပါး မျက်နှာက တည်သည်။
Kတို့Jတို့ရှေ့ဆို အဲ့လို မဟုတ်ပင်မယ့် သင်တန်းသားတွေရှေ့ဆို တည်လို့ သင်တန်းသားတွေက သူ့လောက်နီးပါး သည်းငယ်ကို ရှိန်ကြသည်။အခု ဆူဆောင့်နေတဲ့ အကြောင်းအရင်းက ဦးရှိန်ရာ နယ်မြေထဲ ခိုးဝင်မယ့် အစီအစဉ်ကို ကန့်ကွက်နေခြင်းပင်။
"ငါပြောပြီးသားနော် အတ္တ လုံးဝ မသွားရဘူး။ ဦးညိုဦး နဲ့ တိုက်စစ်ဆင်ရင် ရပြီမဟုတ်ဘူးလား အဲ့လောက်ထိ မလိုဘူးလေ အတ္တရာ ငါတစ်ကယ် စိတ်မချလို့ပါ"
"ကိုယ်ပြောပြမယ် သည်းငယ် "
"ဖယ်..."
ပြောပြမယ် ဆိုပြီး ပခုံးလေး သွားဖက်မိပါရဲ့ ပြန်ပုတ်ချသည်။
အတ္တများ ဘာမှတ်နေလဲ။