Zawgyi
နောက်ဆုံးတော့ ဦးရှိန်ရာ ဘယ်လိုမှ ပြစ်မှုက ရုန်းမထွက်နိုင်ဘဲ အမိန့်ကျမည့် နေ့ကို ရောက်လာခဲ့သည်။
တရားမဝင် ရောင်းဝယ်မှုတွေ အပြင် အတ္တတို့ရဲ့ မိခင်ကိုပါ သတ်သည့်အမှုထည့်သွင်း တရားရင်ဆိုင်ခဲ့သည်။"အဖအမည် ဦးထွန်းရှိန် အမိအမည် ဒေါ်အိမ့်သန္တာ ၏ သားဖြစ်သူ မှတ်ပုံတင်အမှတ် &&&&&& အမည် ဦးရှိန်ရာသည် တရားမဝင် မူးယစ်ဆေးများ ဖြန့်ဖြူးရောင်းဝယ်မှု၊ မိန်းကလေးငယ်များအား လိင်ကျွန်အဖြစ် တဖက်နိုင်ငံအား ရောင်းချ လူကုန်ကူးမှု၊ တရားမဝင် လက်နက်များ ဖြန့်ဖြူး ထုတ်လုပ်မှု၊
လူသတ်မှုများကို ကျူးလွန်သည်ဟု သက်သေနှင့်တကွ ခိုင်လုံသောကြောင့် ဦးရှိန်ရာသည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း အဖြစ် အမိန့်ချမှတ်သည်"ဒုန်းးးးးး
တရားသူကြီးမင်းရဲ့ အမိန့်ချသံ အပြီးမှာ ကြယ်တာရာ မျက်ရည်တွေဖြင့် လဲကျသွားသည်။ ဦးရှိန်ရာကတော့ မတုန်မလှုပ် မျက်နှာသေဖြင့် ရပ်နေသည်။
လက်ထိပ်ဖြင့် ရဲများ ခေါ်လာသော ဦးရှိန်ရာကို ကြယ်တာရာက ပြေးဖက်သည်။
"ဒယ်ဒီ မဟုတ်ဘူး ဒီလို မဖြစ်ရဘူး "
ငိုယိုကာ ပြောနေသည့် ကြယ်တာရာက အရူးတစ်ယောက်လိုပင်။ အတ္တနဲ့ ဝနကတော့ ဒီအတိုင်းသာ ရပ်ကြည့်နေလိုက်ကြသည်။
"ဟားးးးးးးးဟားးးးးး"
ရုတ်တရက် ထရယ်တဲ့ ဦးရှိန်ရာကြောင့် အားလုံးကြောင်သွားကြသည်။ ကြယ်တာက အရူးတစ်ယောက်ဆို ဦးရှိန်ရာက ပိုရူးသည့် လူတစ်ယောက်။အတ္တ မျက်မှောင်ကြုတ်လိုက်ပြီး ဦးရှိန်ရာ အနားကို သွားလိုက်သည်။
"အဟက် ကိုယ့်အမှားတွေ ကိုယ်သိပြီး ရယ်နေတာလား ဦးရှိန်ရာ!!! တမလွန်က ကျုပ်မာမားကို ညတိုင်း ခွင့်လွှ
န်ဖို့ တောင်းဆိုလိုက်စမ်းပါ""ဟားးးးးးဒီမှာ အတ္တမိုးမာန် ငါဘာမှ မမှားခဲ့ဘူး....အဲ့အတွက် ငါမတောင်းနိုင်ဘူး.....ဟားးးးး အေး ငါမှားခဲ့တယ်ဆိုရင်တောင် အဲ့အမှားက ချစ်မိခဲ့ရုံလေးဘဲ ...ငါမင်းအဖေကို ချစ်မိခဲ့အတွက် ငါကျူးလွန်ခဲ့တာဘဲ ရှိတယ်။ ဟားးးးးးငါချစ်တဲ့လူကို စိတ်ဆင်းရဲအောင် ထားတဲ့ မိန်းမကို ငါသတ်ပစ်ခဲ့တာ မှားသလား ဟားူးးးးးး"