Ep...41

1.1K 94 4
                                    

Zawgyi

တဝေါ့ဝေါ့နဲ့ ပျို့အန်နေတဲ့ bossကို ကြည့်ပြီး Kနဲ့J ရော လင်းချုံ နဲ့ နောင်မြတ်ပိုင်ပါ အံသြနေမိသည်။ သူတို့ကြားဖူးသည်က ကိုယ်ဝန်သည်က အသားအနံ့တွေ ရတာနဲ့ ပျို့အန်နေတတ်တာလေ။ အခုတော့ ကိုယ်ဝန်သည် ရှင်းနောင်ဦးက တစ်နေ့ တစ်နေ့ စားလိုက် အိပ်လိုက် အဆင်ပြေနေတာဘဲ။

ရှင်းနောင်ဦး ယောကျာ်းဖြစ်သူ Bossကသာ အသားအနံ့ မခံနိုင်လိုက် ပျို့လိုက် အိပ်မပျော်လိုက် အချဉ်သာ စားပြီး ချဉ်ခြင်းတတ်နေသည်။ အစပ်မစားတဲ့ bossကအခုတော့ စားလိုက်တဲ့ အစပ်။ သူတို့က စိုးရိမ်နေပင်မယ့် ဒီလို ကိုယ်ဝန်သည်အစား ယောကျာ်းဖြစ်သူက ဖြစ်ရင် ယောကျာ်းဖြစ်သူက သူ့မိန်းမကို အရမ်းချစ်လို့ ဖြစ်တာတဲ့လေ။ 

အတွဲတွေများ အံသြတယ်။

အတ္တ အခုတလော အချဉ်တွေသာ စားလို့ရသည်။ သရက်သီး စပ်စပ်လေးနဲ့မရမ်းသီး အချဉ်သီးကို ငရုတ်သီးများများလေးနဲ့ တို့စားလိုက်ရင် တစ်ကမ္ဘာလုံး အပိုင်စားရသွားသလိုဘဲ။
ယောကျာ်းကြီးဖြစ်ပြီး ဒါတွေ စားနေရတာလဲ ရှက်ပါတယ်။ ဒါပင်မယ့်ဒါတွေဘဲ စားလို့ကောင်းနေတာက ခက်တာ။

"သည်းငယ် အောက်ထပ်မဆင်းနဲ့နော် အပေါ်မှာဘဲနေ နောင်မြတ်ပိုင်နဲ့ လင်းချုံ အဖော်လုပ်ပေးလိမ့်မယ် "

"အွန်းပါ ယောကျာ်းသာ ဂရုစိုက်သွား ငါ့ကို စိတ်မပူနဲ့ "

"စိတ်မပူလို့ရမလား ဒီယောကျာ်းတစ်ယောက်ပဲ ရှိတာကို"

"ဟဟ"

အတ္တစကားကို ခပ်ဟဟရယ်လိုက်တော့ နဖူးဆီ ကျရောက်လာတဲ့ နှုတ်ခမ်းနွေးနွေး။ပြီးတော့ ထွက်ခွာသွားတဲ့ အတ္တရဲ့ ကျောပြင်။ဒီလူသားက သူရဲ့ အပိုင်ဖြစ်သလို သူကလဲ ဒီလူသားရဲ့အပိုင်ဖြစ်နေရတာ မယုံနိုင်သေး ။ ဒီ့အပြင်သူတို့ရဲ့ ကလေးလေးကပါ သူ့ဝမ်းဗိုက်ထဲ တည်ရှိနေသည်။

ရှင်းနောင်ဦး သူ့ဗိုက်ကလေးကို ကိုင်ကာ ပြုံးနေမိသည်။

"Kငါ့နောက်လိုက်ခဲ့ Jက ဟိုဘက်စံအိမ်ကိုသွား လက်နက်တွေ ရောက်မယ် လင်းချုံနဲ့ နောက်မြတ်ပိုင်က သည်းငယ်အနားသွားနေ"

After the painWhere stories live. Discover now