Zawgyi
ဒီနေ့ သားသား ၂နှစ်ပြည့် မွေးနေ့အတွက် စံအိမ်မှာ စည်ကားနေသည်။ အပြင်လူရယ်လို့ မဖိတ်ဘဲ စံအိမ်က သူ့လူတွေရယ် သင်တန်းသားတွေရယ် ရင်းနှီးတဲ့ လူတွေလောက်နဲ့သာ ပွဲလုပ်လိုက်သည်။
"သားသားရေ ဦးဦးတို့ လာပြီ"
ဒီအသံကြားရုံနဲ့ ဘယ်သူလဲ မေးစရာမလိုပေ။
သေချာပေါက် လင်းချုံဘဲပေါ့။လင်းချုံက ရောက်ရောက်ချင်း သားသားကို ပြေးဖက်သည်။
သားသားက လင်းချုံရဲ့ ရွေရောင် ဆံပင်များကို ဆွဲလိုက်သည်။"အားးး မရီးရေ မရီးသားက မရီးလိုဘဲ "
လင်းချုံရဲ့ ဆံပင်ကို ဆွဲပြီး သဘောတကျ ရယ်နေတဲ့ သားသားကြောင့် ဘယ်သူကမှ လင်းချူံ ဆံပင်ကို သားသားလက်က လာမထုတ်ပေးကြပေ။
ခနတော့ ပွဲစဖို့ လုပ်ကြသည်။ ပွဲစတာနဲ့ သားသားအတွက် လက်ဆောင်ဆိုပြီး တစ်ခုပြီး တစ်ခု လာပေးကြသည်။ လက်ဆေင် လက်မခံဘူး ပြောထားပင်မယ့် သားသားကို ချစ်လို့ပါ ဆိုပြီး လာပေးသွားကြသည်။
လက်ဆောင်တွေကို မြင်ပြီး သွေးတတ်ရသူက ရှင်းနောင်ဦးပါ။ အနမ်းခံရတာ မကြိုက်တဲ့ သားသားကတော့ လက်ဆောင် လာပေးလိုက် နမ်းလိုက် လုပ်နေတဲ့ လူတွေ ကြားပျော်နေသည်။ အကြောင်ူအရင်းက လက်ဆောင်တွေကြောင့်ပင်။
သူ့တပည့်တွေနဲ့ သင်တန်းသားတွေ ပေးတဲ့ လက်ဆောင်ကို ကြည့်ပြီး သည်းငယ်ကို လှည့်ကြည့်တော့ သည်းငယ်မျက်နှာက ဆူပုတ်နေသည်။ သားသားကို ကြည့်တော့ တခစ်ခစ်နဲ့ သဘောကျနေတာကြောင့် အတ္တမှာ ငိုရခက် ရယ်ရခက် ဖြစ်နေသည်။
"ဒီအရွယ် ကလေးကို ဘယ်သူက ဒီလို လက်ဆောင်တွေ ပေးဖူးလို့လဲ "
သည်းငယ်က အအေးသောက်လို့ စိုသွားတဲ့ သားသား အကျီကို လဲပေးရင်း ပြောသည်။
ပြောလဲ ပြောချင်စရာ။သားသားအတွက် ဆိုပြီး ပေးတဲ့ လက်ဆောင်တွေက ဓားပုံစံအမျိုးမျိုးတွေ သေနတ်တွေ စကြာင်္ တွေ
သုံးဆစ်ချိုး တုတ်တွေ ကြာပွတ်တွေ လက်နက် အစုံ ဖြစ်နေသည်။"စိတ်မဆိုးပါနဲ့ သည်းငယ်ရယ်....သူတို့တွေ အားလုံးက သားသားကို ချစ်လို့ ပေးကြတာလေ။ ပြီးတော့ သူတို့တွေအတွက် လက်နက်ဆိုတာက အကာအကွယ်တစ်ခုဘဲ။ သူတို့ရဲ့ သဘောအကျဆုံး အရာတစ်ခုလေ။ အဲ့လို အရာတွေကို သားသားတွက် ပေးတာ သူတို့က သားသားကို ချစ်လို့ပါ"