Zawgyi❣️
သည်းငယ်နဲ့ သူ့မာမီ ဖက်ပြီး ငိုနေတာကြောင့် အတ္တဘေးကနေ ရပ်နေလိုက်သည်။
"မာမီကို စိတ်မကောင်းဖြစ်အောင် လုပ်ထားတယ်ပေါ့"
မာမီက ငိုပြီး ပြောသည်။
"မဟုတ်ပါဘူး မာမီရယ် သားလဲ မာမီကို လာတွေ့ ချင်ပင်မယ့် သားအစီစဉ်လေးတွေ ရှိလို့ပါ"
"ဘာဘဲ ဖြစ်ဖြစ် ပြန်လာပေးတာ ကျေးဇူးတင်ပါတယ် သားရယ် မာမီသိတယ် သားက လွယ်လွယ် အရှုံးပေးမယ့်သူမှ မဟုတ်တာ"
"တိတ်တော့ နော် မာမီ မငိုနဲ့တော့ ခေါင်းကိုက်မယ် နောင်မြတ်ပိုင် ပြောတာ မာမီ ဘာမှမစားဘူးဆို တစ်ခုခုစားမှပေါ့ မာမီရယ် သားချက်ကျွေးမယ် ဘာစားချင်တယ်"
သူပြောမှ မာမီက ပိုငိုတော့သည်။
"သားချက်ကျွေးချင်တာ ချက်ကျွေး မာမီစားမယ် မာမီဖြင့် သားကိုအရမ်းလွမ်းနေခဲ့တာ "
"သားလဲ လွမ်းနေတာပါဘဲ မာမီရယ် ကြည့် မငိုပါနဲ့တော့ဆို
ဒါဆို သားပြန်တော့မှာနော်""အင်း မငိုတော့ဘူးနော် မာမီမငိုတော့ဘူး မာမီကို ထားမသွားပါနဲ့တော့ သားရယ် ဒီတစ်ခါ သားထွက်သွားရင် မာမီတစ်ကယ်သေမှာ"
မာမီက မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ကာ သူ့လက်လေးကို ကိုင်ပြီး ပြောသည်။
"စိတ်ချ သားထပ်ပြီး ထွက်မသွားတော့ဘူး နော် ဒီမှာ ခဏစောင့် သားမာမီဖို့ တစ်ခုခုသွားချက်ပေးမယ်"
"မာမီလဲ လိုက်မယ်"
မာမီက သူ့ကို အပျောက်မခံနိုင်သလို လက်ကို လွှတ်မပေးပေ။
"အွန်း လိုက်ခဲ့နော်"
သားအမနှစ်ယောက် လက်ချင်းတွဲပြီး ဆင်းသွားတော့ အတ္တမှာ အခန်းထဲ ကြောင်တောင်တောင် လေးကျန်ခဲ့သည်။
ခဏနေမှ အနောက်က လိုက်သွားလိုက်သည်။ သည်းငယ်က ဘာတွေ ချက်နေလဲတော့ မသိ။ သည်းငယ် မာမီက စားပွဲခုံမှာ ထိုင်ပြီး သည်းငယ်ကို ကြည့်နေသည်။ မျက်လုံးအိမ်ထဲမလဲ မျက်ရည်က အပြည့်ပင်။အတ္တလဲ သည်းငယ် အနားသွားပြီး ကူလုပ်ပေးလိုက်သည်။
"မင်းသမီးလေး စားလို့ရပါပြီ ခင်ဗျာ"