Ep.......15

1.9K 164 7
                                    

Zawgyi❣️

အတ္တတို့ MHရဟတ်ယာဉ်ဖြင့် တရုတ်ပြည်နယ်စပ်ကို ဝင်ရောက်လာသည်။ အမှန်တကယ်ဆို ဒီလေယာဉ်က စစ်တပ်သုံးမို့ သာမန်လူ သုံးခွင့်မရှိသလို ဝင်ခွင့်လဲမရှိပင်မယ့် သူက ဘယ်သူမလို့လဲ အတ္တမိုးမာန်ဘဲဟာ။

ဟိုရောက်တာနဲ့ ရဟတ်ယာဉ်ဆင်းဖို့ အတ္တအချက်ပြလိုက်တော့ အောက်က ဆင်းလို့ရကြောင်း မီးရှူးမီးပန်းနဲ့ ပြန်ပြသည်။
သူတို့ရဟတ်ယာဉ် ဆင်းချိန်က ညနက်နေပြီမလို့ ချမ်းစိမ့်နေသည်။ ဘေးက တုန်ရီနေတဲ့ Markလေးနဲ့ သည်းငယ်ကို အတ္တ ရင်ခွင်ထဲ ထည့်လိုက်သည်။

အောက်ရောက်တော့ သူ့ကုတ်အကျီကို သည်းငယ်အပေါ်
ထပ်လွှမ်းခြုံပေးလိုက်သည်။

"မင်းလဲ အေးနေမှာကို"

အပေါ်က အကျီ အဖြူတစ်ထည်ထဲနဲ့ သူ့ကို သည်းငယ်က စိုးရိမ်ပေးတာကြောင့် အတ္တပြုံးလိုက်သည်။

"သည်းငယ်အေးရင် ကိုယ်ပိုအေးတယ်"

အတ္တပြုံးပြီးပြောလိုက်တော့ သည်းငယ်က ပိုပြန်ရောဆိုတဲ့ အကြည့်နဲ့ ကြည့်သည်။ အတ္တပြုံးနေရာမှ လာကြိုတဲ့ သူတွေရောက်လာတာနဲ့ သူ့မျက်နှာက ခက်ထန်သွားသည်။

"Bossတွက် အခန်း အကုန်ပြင်ဆင်ပြီးပါပြီ"

အတ္တက မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အတ္တရဲ့ မျက်နှာကို လိုက်ကြည့်နေတဲ့ ရှင်းနောင်ဦးကတော့ အတ္တရဲ့ အာဏာသက်ရောက်မှုကို သဘောကျနေမိသည်။ အတ္တက သူနဲ့ အတူရှိနေချိန်တွေသာ ပြုံးရယ်တတ်ပြီး ကျန်တဲ့အချိန်ဆို ခက်ထန်နေသည်။

အကျီအဖြူရောင် လက်ရှည်ကို စတိုင်ပန် ဘောင်းဘီထဲ ထည့်ဝတ်ထားပြီး အရပ် ၆ပေ၅နဲ့က သိပ်ကို စတိုင်ကျလွန်းနေသည်။မျက်မှောင်ကြုတ်ထားပြီး မျက်လုံးအညိုရောင်တို့က စူးရှနေတာကြောင့် အတ္တကို ကြည့်မိတဲ့ လူတို့က စိုက်လို့တောင် မကြည့်ရဲကြပေ။

တစ်ကယ်တော့ သူတို့ရဟတ်ဆင်းတဲ့နေရာမှာ တောအုပ်ကြီး တစ်ခုပင်။ သစ်ပင်များနဲ့ မဲမှောင်အုပ်ဆိုင်းနေသည်။တဖြည်းဖြည်း တောထဲ လျှောက်သွားရသည်။ရေစီးသံတွေလဲ ကြားလိုက်ရသည်။

After the painWhere stories live. Discover now