Zawgyi
နာရီဝက်အတွင်း ဂိုဏ်းငယ်များ ပြန်ဆုတ်ခွာသွားသည်။မဆုတ်ခွာလို့လဲ မရ။ လက်နက်ချင်းမမျှသလို လူအင်အားလဲ မမျှ။
ဒါတောင် အတ္တက လူအကုန် ခေါ်ထားခြင်းမဟုတ်ဘဲ အနည်းငယ်သာ ထားထားခြင်းပင်။သည်းငယ်က ကိုယ်ဝန်နဲ့မို့ အထိတ်အလန့် ဖြစ်စေမယ့် အရာတွေကို သူရှောင်ချင်မိသည်။ အဲ့တာကြောင့် သူတို့ဂိတ်ဝမှာ
လက်နင်တွေ ချပြထားလိုက်သည်။ ဒီလက်နက်တွေ မြင်ရင် ဘယ်သူမဆို ဆုတ်ခွာသွားကြမှာဘဲလေ။သူတို့မမြင်ဖူးတဲ့ လက်နက်တွေပါ ရှိနေတာ မဟုတ်လား။ လက်နက်တွေ မြင်တာတောင် သိပ်မဆုတ်ချင်သေးတဲ့ ဂိုဏ်းငယ်တွေကြောင့် M79 ဗုံးပစ် လောင်ချာနြ့ တစါချက် ထုပေးလိုက်သည်။ ထိုအခါမှ ပြန်ပြေးကြတော့သည်။
တစ်ကယ်ဆို အတ္တ ဂိုဏ်းငယ်တွေကို သူ့လက်အောက် ထားလို့ရသည်။ ဒါပင်မယ့် အတ္တကတော့ လူအများကို မအုပ်ချုပ်ချင်ဘူး။ လူများရင် သစ္စာဖောက်ဆိုတာ ရှိလာတတ်တယ် မဟုတ်လား။
ဂိုဏ်းငယ်တွေ ဆုတ်ခွာသွားပင်မယ့် လေ့ကျင့်ရေး ကွင်းဆီ ခဏသွားလိုက်သည်။ ဒီလေ့ကျင့်ရေးသားတွေက အရေးကြီးသည်။ ပြည်ပကို ကိုယ်ရံတော်အနေနဲ့ စေလွှတ်မယ့် သူတွေမို့ အလွန် ဂရုစိုက် ကြပ်မတ်ရသည်။
အတ္တ လေ့ကျင့်ရေးကွင်းက ပြန်လာတော့ သည်းငယ်က အိပ်ပျော်နေသည်။ ဘေးက လင်းချူံကတော့ ဖုန်းကြည့်နေသည်။
အိပ်ပျော်နေတဲ့ သည်းငယ် နဖူးကို တစ်ချက်နမ်းကာ လင်းချူံကို ခေါ်ကာ အလုပ်ခန်းဆီ ပြန်ထွက်လာလိုက်သည်။
"အခြေအနေ"
"အသေးအမွှားပါ.....ဒါနဲ့ မင်း ဦးရှိန်ရာနဲ့ ပက်သတ်ပြီး မင်းပါးပါးဆီက ဘာသိရလဲ"
"ဘိုးတော်က ဘာမှ မပြောဘူး။ ဒီအတိုင်း လုပ်ဖော်ကိုင်ဖက် အသိတဲ့"
လင်းချုံရဲ့ အဖေက အင်မတန် နှုတ်လုံတဲ့လူ။ဘယ်စကားမှ လွယ်လွယ်မထွက်။
"အွန်းးး ဝနကျော်စွာကို စောင့်ကြည့်ဖို့ ငါလူလွှတ်ထားတယ်"
"ကောင်းပါတယ် မင်း ဝနကျော်စွာကို အမှန်အတိုင်း မပြောသေးဘူးလား"