Zawgyi
ရှင်းနောင်ဦး အိပ်နေရင်း ရင်ထဲ ပူလာတာကြောင့် နိုးလာသည်။ရေယူသောက်လိုက်ပင်မယ့်လဲ ဗိုက်ထဲ ပူတာ မသက်သာသွားပေ။
တဖြည်းဖြည်း ပိုပူလာပြီး ဗိုက်ထဲ ထိုးအောင့်လာတာကြောင့် မျက်ရည်ပါ ဝဲလာသည်။ မဟုတ်ဘူး....ဒီခံစားချက်ကို သူကောင်းကောင်းသိသည်။ သူပထမ ကိုယ်ဝန် ပျက်ကျတုန်းက မပျက်ကျခင် သူဒီလို ခံစားခဲ့ရတာ ။
သူအရေးပေါ် ခလုတ်ကို နှိပ်လိုက်သည်။ ခဏနေတော့ ဆရာဝန်လေးတွေနဲ့အတူ အတ္တရောက်လာသည်။
"သည်းးငယ်"
"အ....အတ္တ.....ငါ...ငါ ရင်ထဲ ပူနေတယ် ငါ...ငါ ကြောက်တယ်"
"သည်းငယ် ခဏလေး ဆရာဝန် ကြည့်ပေးလိမ့်မယ်နော် ခဏလေး သည်းခံထား"
ဆရာဝန်လေးက ရှင်းနောင်ဦးရဲ့ ဗိုက်ကို စမ်းသပ်သည်။
သွေးဖောက်ပြီး စစ်သည်။"အကို ဘာဆေးတွေ သောက်ထားမိသေးလဲ"
"ဟင့်အင်း....အ့....မင်းတို့ တိုက်တဲ့ ဆေးတွေ သောက်တာ"
"ဘာဖြစ်တာလဲ သည်းငယ်က!!!"
အတ္တ အော်သံကြောင့် ဆရာဝန်လေး တုန်သွားသည်။
"လူနာက ကိုယ်ဝန်ပျက်ဆေး တစ်ခုခုကို သောက်ထားသည့် လက္ခဏဘဲ"
"ဘာ!!!!!"
အတ္တက သူ့ကို ကြည့်လာတာကြောင့် သူ ခေါင်းခါပြလိုက်သည်။
"အတ္တ....ငါ....ငါ မဟုတ်ဘူး"
"အဲ့တာ ကယ်လို့မရဘူးလား !!!!ရအောင် ကယ် ငါကလေး တစ်ခုခုဖြစ်ရင် မင်းကို သတ်မယ်!!!!"
အတ္တရဲ့ ဒေါသကို မြင်ရသူတိုင်း တုန်လှုပ်နေကြသည်။
အတ္တ ဒေါသက ကမ္ဘာလုံးကို မီးမြှိက်မယ့် အနေအထားရှ်သည်။"ကျွန်တော် လဲ ဘာမှ မတတ်နိုင်ပါဘူး ဒါပင်မယ့် ဆေးက နည်းတာကြောင့် အာနိသင်က ကလေးကို ထိချင်မှ ထိပါလိမ့်မယ်"
"တောက်စ်!!! "
အတ္တ မျက်ရည်တွေပါ ကျလာသည်။ သည်းငယ် ဘာကြာင့် သူ့အပေါ် ဒီလို လုပ်လဲ မတွေးတတ်ပေ။ သူကိုအစကတည်းက မလိုချင်ရင် ပြောခဲ့ရောပေါ့။ရင်ထဲ ပူလွန်းပြီး ဗိုက်ထဲ အောင့်လွန်းလို့ ထင်ပါတယ်၊ ချွေးတွေထွက်ပြီး ဝေဒနာခံစားနေရတဲ့ သည်းငယ်ကို သူသနာူပင်မယ့် ဒေါသလဲ ထွက်မိသည်။