Ep......24

1.6K 150 5
                                    

Zawgyi❣️

ရှင်းနောင်ဦး အိမ်ပြန်ဖို့ Kနဲ့ အတူ ကားပါကင်ကို ထွက်လာတော့ ဝနကျော်စွာက အထုပ်လေး တသ်ထုပ်ကိုင်ပြီး မတ်တပ်ရပ်နေသည်။ ရှင်းနောင်ဦးလဲ ဝနကျော်စွာကို မမြင်ချင်ယောင် ဆောင်ကာ ကျော်သွားလိုက်သည်။

"ရှင်းနောင်ဦး ခနလေးပါ"

ဝနကျော်စွာက ပြောရင်း သူ့လက်ကို ဆွဲလိုက်တာကြောင့် ရှင်းနောင်ဦး လက်ကို ခါလိုက်သည်။ Kကလဲ ရှင်းနောက်ဦးရှေ့ ပိတ်ရပ်လိုက်သည်။

"sorryပါ ဟို ကိုယ် ဒါလေး ပေးချင်လို့ စောင့်နေတာပါ"

ရှင်းနောင်ဦး Kကို ဘေးဖက်ဖို့ ခေါင်းငြိမ့်ပြလိုက်တော့ Kက ရှင်းနောင်ဦး ရှေ့က ဖယ်ပေးသည်။

"ဘာလဲ ဒါက"

ဝနကျော်စွာ ပေးနေတဲ့ အထုပ်လေးကို ရှင်းနောင်ဦး ရည်ညွှန်းစွာ မေးလိုက်သည်။

"ရှင်း... ရှင်းဖို့ ပူတင်းပါ ။ ရှင်း ကြိုက်တဲ့ ဆိုင်ကလေ"

ရှင်းနောင်ဦး မျက်ခုံးပင့်သွားသည်။ ဘာတွေ လာကြောင်နေတာလဲ ဝနကျော်စွာ။

"လူဆိုတာ အမြဲ ဒီအရာကိုဘဲ ကြိုက်မနေဘူးလေ .....အခုငါက အဲ့ဆိုင်က ပူတင်းထက် ငါ့ယောကျာ်းကိုယ်တိုင် လုပ်ကျွေးတဲ့ ပူတင်းဘဲ ကြိုက်တော့တယ် အဟက် ...အာ ဒါနဲ့ ငါ့ကို အရင် နာမည်တွေ လာမခေါ်နဲ့ Mark ငါ့နာမည် Mark!!!"

ရှင်းနောင်ဦး ပြောပြီး ကားပေါ် တတ်လိုက်သည်။ Kက ကားမောင်းတဲ့ နေရာ ဝင်ထိုင်ပြီး ကားထွက်သွားသည်။
ဝနကျော်စွာကတော့ ထိုနေရာမှာ အထုပ်လေးနဲ့ ကျန်နေခဲ့သည်။

ဘာစောက်ဇယားတွေ လာရွေ့နေပြန်ပြီလဲ ဝနကျော်စွာ!!!

"အဟင်းးးး အဟွတ်"

ကြိတ်ရယ်နေပြီး ချောင်းဟန့်လိုက်တဲ့ Kကြောင့် ရှင်းနောင်ဦး Kကို ကြည့်လိုက်သည်။

"ဘာရယ်တာလဲ"
ဝနကျော်စွာ ကြောင့် ဒေါသထွက်နေတာမို့ Kကို မေးတော့ ဒေါသံပါနေသည်။

"ဟင့်အင်း "

"ပြောလို့!!"

"ဟို bossကို ယောကျာ်းလို့ ပြောတာကို သဘောကျလို့ "

After the painWhere stories live. Discover now