Zawgyi❣️
ဒိနေ့ ဝနတို့နဲ့ တွေ့ရမှာကြောင့် ရှင်းနောင်ဦး စိတ်လှုပ်ရှားမိသလို စိတ်ထဲလဲ တင်းကြပ်နေသည်။မှန်ထဲက သူ့ရူပ်ကို သူကြည့်ပြီး တွေးတောနေမိသည်။Markတပ်ထားတာကြောင့် သူ့ရုပ်ကို မမြင်ရပေ။ Markမတပ်ရင် ဝနကျော်စွာ မှတ်မိမှာ အသေအချာပင်။
အတ္တက မနက်စောစော အလုပ်ကိစ္စဆိုပြီး ဂိုဏ်းဆီ သွားဤသည်။ အမှီပြန်လာမယ်လို့ ပြောတာဘဲ။ မမှီလို့လဲ မဖြစ် သူတစ်ယောက်ထဲ ဝနကျော်စွာကို သွားတွေ့ဖို့ ကို သူတုန်လှုပ်သည်။
ဒုန်းးး"သည်းငယ် ကိုယ် မနောက်ကျဘူးနော်"
တွေးနေတုန်းရှိသေး အတ္တက ပြန်လာသည်။သူခေါင်းငြိမ့်ပြလိုက်တော့ ရေချိုးခန်းထဲ ဝင်သွားသည်။ အတ္တဝတ်ဖို့ အဝတ်အစား ထုတ်ပေးပြီး အောက်ထပ် ဆင်းစောင့်နေလိုက်သည်၊
ခနနေတော့ အတ္တက သူထုတ်ပေးထားတဲ့ နီညိုsuitလေးဝတ်ပြီး ဆင်းလာသည်။ သူနဲ့ ဆင်တူပေါ့လေ။suitဝတ်ထားတဲ့ အတ္တကို သိပ်ကြည့်ကောင်းသည်။ အခုခေတ် ပြောသလို Daddy typeကြီးပေါ့။မေးရိုးကားကားများနဲ့ စူးရှတဲ့ မျက်ဝန်းအညိုတစုံက အတ္တရဲ့ အရှိန်အဝါကို ပိုပေါ်လွင်စေသည်။
မျက်မှောင်များ ကြုတ်လိုက်ရင် သူ့တပည့်တွေတာ ဒူးတုန်သည်အထိ အတ္တရဲ့ အာဏာစက်က သက်ရောက်သည်။
ခြေတံရှည်ရှည်က ဘောင်းဘီအရှည်နဲ့လဲ ကြည့်ကောင်းနေသလို ဘောင်းဘီအတိုနဲဆိုလဲ ခြေသလုံး ကြွက်သားများက ဆွဲဆောင်မှု အပြည့်ပေ။လေ့ကျင့်ရေးတွေ စစ်ဆင်ရေးတွေ အမြဲလုပ်နေသူမို့ ကြွက်သားများအပြည့်နဲ့ လက်များကလဲ အကျောများ ထောင်လျက်။"ကိုယ့်ချောတာ ကိုယ်သိပါတယ်ကွာ "
သူငေးနေလိုက်တာ အတ္တသူ့ဘေးကို ရောက်လာပြီး စတော့မှ အသိဝင်သည်။
"ဘယ်သူက ငေးတာလဲ"
"အော် ဟုတ်ပါပြီ မငေးပါဘူး"
အတ္တရှက်ပြီး ငြင်းနေတဲ့ သည်းငယ်ကို အသည်းယားစွာ ပါးလေးကို နမ်းလိုက်သည်။ပြန်ရလိုက်တာ မကြည်ကြည့်တစ်ချက်။
" အဟက် သွားကြမယ်"
အတ္တနဲ့ ရှင်းနောင်ဦး ကုမ္ပဏီကို ထွက်ခဲ့ကြသည်။ သူတို့ရဲ့ ကုမ္ပဏီ Marsကိုပေါ့။ ကုမ္ပဏီနာမည် ကိစ္စ ရှင်းနောင်ဦ
းနဲ့ ပြဿနာတတ်သေးသည်။ Marsဆိုတဲ့ နာမည်က အတ္တရဲ့ ဂိုဏ်းနာမည်မဟုတ်လား။ အဲ့တာကြာင့် နာမည်တူနေရင် ပြဿနာတတ်မှာ စိုးလို့ ပြောပင်မယ့် အတ္တက အဆင်ပြေတယ်သာ ပြောသည်။ အဆင်ပြေတယ်ဆိုတာကြောင့် ရှင်းနောင်ဦးလဲ လက်လျော့လိုက်သည်။