Zawgyi
အတ္တ အလုပ်လုပ်ရင်း စာအုပ်ဖတ်နေသည့် သူ့သည်းငယ်ကို တချက်ချက် လှမ်းချောင်းနေရသည်။ကိုယ်ဝန်နဲ့ကို ဖတ်သမျှ စာအုပ်တာက သရဲစာအုပ်တွေချည်းပင်။
သူကြည့်နေတုန်း သည်းငယ်က လှည့်ကြည့်လာတာမို့ သွားအကုနါဖြဲကာ ရယ်ပြလိုက်သည်။ သည်းငယ်က တချက်ကြည့်ပြီး စာအုပ်ပြန်ဖတ်နေသည်။
ဟိုနေ့က ကိစ္စကို မယုံကြည်ရမလား ဆိုပြီး အခုထိ စိတ်ကောက်မပြေသေးပေ။ ဘယ်လို ချော့ချော့ ချော့လို့ပင်မရ။
သူမှားတာမို့ အပြစ်လဲ မတင်ရက်။တကယ်ဆို သူသည်းငယ်ကို ယုံကြည်ပေးရမှာကို သူက ဒေါသထွက်ပြီး အော်မိတာကိုးး။အခုတော့ ဘယ်လို ချော့ရမှန်း မသိတော့ပေ။
ဟိုကောင်တွေကို အကူညီတောင်းရတော့မှာဘဲ။"သည်းငယ် ကိုယ် လင်းချုံဆီ ခဏသွားအုံးမယ်နော်"
သူပြောလိုက်ပင်မယ့် သည်းငယ်က လှည့်တာင်မကြည့်ပေ။
အဆိုးလေး စိတ်ဆိုးတာလဲ အကြာကြီးဘဲ။ုအတ္တ လင်းချုံရဲ့ အခန်းထဲ ဝင်သွားလိုက်သည်။
"လင်းချုံရေ ငါ....."
တံခါးမခေါက်ဘဲ ဝင်လိုက်တဲ့ အကျိုးကျေးဇူးက မမြင်သင့်တာတွေ မြင်လိုက်ရသည်။ Kနဲ့ လင်းချုံ နမ်းနေကြခြင်းပင်။
တော်သေးတာပေါ့ နမ်းတဲ့ အဆင့်မလို့။"ငါလိုး တံခါးခေါက်လေ"
လင်းချုံက ဆဲသည်။ Kကတော့ သူ့ကို တွေ့တာနဲ့ မတ်တပ်ထရပ်သည်။
"ငါ့အိမ်မှာ ငါ့ဘာသာ ဘယ်လို ဝင်ဝင်ပေါ့"
"လီးးးဘဲ မင်းတံခါးလဲ ငါခေါက်ပြီး မဝင်ဘူး"
"ကွက်ကွက် ကွင်းကွင်း မြင်ချင်ဝင်လာခဲ့ပေါ့ "
"သူတောင်းစား!!"
အတ္တနဲ့ လင်းချုံဆိုတာ တွေ့တာနဲ့ ကိုက်ကြပြီး လင်းချုံကတော့ အဆဲမပါမဖြစ်ပေါ့။
"boss ကျွန်တော့်ကို လာရှာတာလား"
K က ရန်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကြားက ဝင်ပြောသည်။
"မဟုတ်ဘူး ဒါပင်မယ့် မင်းရှိနေတော့ ပိုကောင်းတာပေါ့ ။ ငါ မင်းးတို့ကို မေးစရာရှိလို့"