Ep....59

936 99 4
                                    

Zawgyi

ဦးရှိန်ရာကို စစ်ဆေးမေးမြန်းဖို့ အတွက် ဖမ်းဆီး ထားကြသည်။ မေးမြန်းသမျှကို ဦးရှိန်ရာက မသိဘူး ဟုသာ ငြင်းပယ်သည်။

"ဒီမှာ ဒီလောက် သက်သေတွေ ရှိနေတာတောင် ငြင်းချင်နေသေးတာလား!!"

အမှုစစ် တိုးလင်းအောင်က ခုံကို ထုကာ စာရွက်တွေ ဦးရှိန်ရာ ရှေ့ကို ချပေးလိုက်သည်။ ဦးရှိန်ရာ လက်ထိပ်ခတ်ခံထားသည့် အတိုင်း စာရွက်တွေကို ယူကြည့်လိုက်ပြီး တစ်ချက် ပြုံးလိုက်သည်။

"ရူးနေလား ဒီလို စာရွက်မျိုးနဲ့ ငါ့ကို ဖမ်းရဲတယ်ပေါ့ ။ ဒီစာရွက်က အတုလုပ်ထားတာလဲ ဖြစ်နိုင်တာဘဲလေ"

ဦးရှိန်ရာက မထီမဲ့မြင်ပြုကာ အေးအေးလူလူပြန်ပြောသည်။

"အဟက် ဒါဆို ရင် ဒါကရော"

အမှုစစ်က Laptopထဲက video တစ်ခုကို ဖွင့်ပြသည်။
videoထဲတွင် ဦးရှိန်ရာရဲ့ လူကုန်ကူးဖို့ ဖမ်းထားတဲ့ မိန်းကလေးများ နဲ့ စိတ်ကြွဆေး သိုလှောင်သည့် နေရာများ လက်နက် ထုတ်လုပ်နေသည့် နေရာတွေကို ရိုက်ပြထားခြင်းပင်။

"ဒါ....ဒါက "

"ငြင်းပယ်ဖို့ မကြိုးစားပါနဲ့တော့ ဦးရှိန်ရာ ဝန်ခံသင့်နေပြီ"

"အဟက် ဒီလို အခြေအမြစ်မရှိတဲ့ video နဲ့ စာရွက်စာတမ်း အထပ်လိုက်နဲ့ ငါ့ကို ထောင်ချလို့ ရမယ် ထင်နေလား .....
မင်းတို့ကို သတင်းပေးတဲ့  အတ္တမိုးမာန် ဆိုတဲ့ အကောင်ကမှ ဒီဟာတွေရဲ့ တရားခံ ငါက သက်သက် ချောက်ချခံရတာ ...
မယုံရင် သူ့စံအိမ်တွေကို သွားစစ်ဆေးကြည့်လိုက်"

ဦးရှိန်ရာရဲ့ အပြောကို အမှုစစ်က မျက်မှောင်ကြုတ်သည်။

"okလေ ဒါဆိုလဲ ခင်ဗျားပြောတာ မှန်မမှန် စစ်ဆေးကြည့်တာပေါ့"

'"ဒါဆို ငါ့ကို လွှတ်ပေးတော့"

"ရူးနေတာလား ခင်ဗျား ချောက်ချခံရပါတယ်ဆိုပြီး ခိုင်မာတဲ့ သက်သေမရှိသေးတဲ့ အတွက် ခင်ဗျားကို ဆက် ဖမ်းဆီးထားရမှာဘဲ"

"တောက်စ်!!!!မင်းဘဝ မင်းတွေးထား"

ဦးရျိန်ရာက အမှုစစ်ကို ကြုံးဝါးသည်။

After the painWhere stories live. Discover now