Zawgyi❣
ရှင်းနောင်ဦး ကုမ္ပဏီရောက်တော့ သူ့ရုံးခန်းရှေ့မှာ ဝနကျော်စွာက စောင့်နေသည်။သူမျက်မှောက်ကြုတ်ကြည့်လိုက်တော့ ဝနကျော်စွာက ပြုံးပြသည်။
"လာပြီလား "
"မမြင်ဘူးလား ";
ဝနကျော်စွာ အမေးကို ဘုဆက်ဆက် ဖြေပြီး ရုံးခန်းထဲ ဝင်တော့ ဝနကျော်စွာက အနောက်က ပါလာသည်။သူလဲ မသိချင်ယောင် ဆောင်ပြီး ထိုင်ခုံမှာ ထိုင်ပြီး စာရင်းတွေ ကြည့်နေလိုက်သည်။
"အင့် မနက်စာ "
ဝနကျော်စွာက စားပွဲပေါ်ကို နွားနို့ဘူးလေးနဲ့ ပါမုန့်တစ်ထုတ်တင်ပေးသည်။
"မလိုဘူး ငါ့ယောကျာ်း ကိုယ်တိုင် ကြော်ပေးတဲ့ ကြက်ဥနဲ့ ကြက်ကြော်လေးကို ထမင်းဆီစမ်း စားခဲ့ပြီးပြီ၊ နွားနို့လဲ ငါ့ကို တိုက်လိုက်ပြီးပြီ"
ရှင်းနောင်ဦးက ပြောပြီး စာရင်းတွေ ပြန်ကြည့်နေပင်မယ့် ဝနကျော်စွာကတော့ မေးရိုးက သွေးကြောတွေ ထောင်တဲ့ အထိ အံကြိတ်ထားသည်။
"မင်းလဲ ပြောင်းလဲတတ်တဲ့ လူသားတစ်ယောက်ဘဲ"
ဝနကျော်စွာရဲ့ အပြောကို ရှင်းနောင်ဦး အသံထွက်တဲ့ အထိ ရယ်လိုက်သည်။
"အရင်ကကျ ငါ့ကို ချစ်ပါတယ်ဆိုပြီး အခုကျ မင်းလဲ ပြောင်းလဲသွားပြီ"
"ဟားးးးဝနကျော်စွာ ဝနကျော်စွာ မင်းရူးများနေလား....ဟမ်
စပြီး ပြောင်းလဲသွားတာ ဘယ်သူလဲ...ဘယ်သူက ငါ့ကို သစ္စာစဖောက်ပြီး ငါ့နောက်ကျောကို ဓားလဲ ထိုးတာ ဘယ်သူလဲ....အဲ့တာတွေ အကုန်လုံး ငါ့အပေါ် လုပ်ခဲ့တာ မင်းလေ
အဲ့လိုလူကို ငါက ဆက်ချစ်နေရအောင် ငါကရူးနေတဲ့ သူမှမဟုတ်တာ!!!!"ရှင်းနောင်ဦး ပြောရင်း ဒေါသထွက်လာတာကြောင့် အော်ပြောလိုက်သည်။ ဝနကျော်စွာက ခေါင်းကို ငုံ့ထားသည်။
"ငါ့ကို ဘာအကြံအစည်တွေကြောင့် လာကောင်းပြနေလဲ ငါမသိပင်မယ့် မင်းငါ့ဆီ ပြန်လာနွယ်နေတာ ကောင်းခြင်းတစ်ခုတော့ မဟုတ်ဘူး"
"တောင်းပန်ပါတယ် အရာအားလုံးကို တောင်းပန်ပါတယ်
ကိုယ်မှားခဲ့တာပါ ကိုယ်ရှင်းလေးကို နာကျင်အောင် လုပ်မိတာ ကိုယ်မှားပါတယ် "