Ep.....36

1.1K 107 4
                                    

Zawgyi

ရုတ်တရတ် ဘာမှ မမြင်ရတဲ့ အခြေအနေကနေ လင်းထိန်သွားတာကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ အရာတွေကြောင့် အတ္တ ဆွံ့အသွားသည်။

အတ္တတို့မိသားစုပုံနဲ့ ဦးရှိန်ရာတွဲရိုက်ထားတဲ့ပုံ၊ ဦးရှိန်ရာက အကို့ကို ချီထားသည်။ သူ့ဆီမှာတောင် မရှိတော့တဲ့ အကိုငယ်ငယ်က ပုံက ဦးရှိန်ရာဆီ ရှိနေသည်။

ဂိုဏ်းအချင်းချင်း ပြိုင်ကြတဲ့ပွဲမှာ Marsစံအိမ်က မီးရှို့ခြင်းခံခဲ့ရသည်။ အကိုက မီးထဲပါသွားသည် ယူသော သတင်းက လွဲလို့ အလောင်းတောင် ပြန်ရှာမရခဲ့။ အတ္တက ထိုအချိန်က တရုတ်ရောက်နေခြင်းကြောင့် ဘာမှမသိလိုက်။ သိရအောင်လဲ ငယ်သေးတဲ့ အရွယ်မဟုတ်လား။ ငယ်သေးဆဲ့အရွယ်ပင်မယ့် အကိုသေပြီလို့ သူလုံးဝ မယုံကြည်နိုင်။

ဘာလို့ဆို မီးလောင်တာက အကို့အခန်းက စလောင်ခြင်းပင်။ ဒါဆို အကိုက ထွက်ပြေးဖို့ အချိန်မှီမှာ အသေအချာပင်။အိပ်ပျော်နေမှာပေါ့ ဆိုရအောင်လဲ အကိုနဲ့ သူနဲ့ ဖုန်းပြောပြီး ခနအကြာမှာ စံအိမ်မီးလောင်ခြင်းပင်။ သေချာတာက အတ္တမိုးမာန်ရြ့ အကို  အာဏာမိုးမာန်ကို တစ်ယောက်ယောက်က ခေါ်
သွားခြင်းပင်။

နံရံပေါ်က ဦးရှိန်ရာနဲ့ ပါးပါး တွဲရ်ုက်ထားတဲ့ပုံ ၊ ပါးပါးက ပြုံးပျော်လို့၊ ပြီးတော့ သည်းငယ်ရဲ့ ပုံတွေနဲ့ သူရဲ့ ပုံတွေ  ဝနကျော်စွာ ပုံတွေရော ...နောက်ထပ် တွေ့လိုက်ရတဲ့ ပုံကြောင့် အတ္တ ရပ်နေမိသည်။

ရောင်....ကိုယ့်ရဲ့ ရောင် ....ရောင့်ပုံကပါ ရှိနေသည်။ဘာတွေလဲ ...ဦးရှိန်ရာရဲ့ သရုပ်အမှန်က ဘာလဲ။ ရှိသမျှ ပုံတွေက အတ္တနဲ့ သက်ဆိုင်တဲ့ လူတွေရဲ့ ပုံတွေချည်းသာ။ Kနဲ့Jအပြင် လင်းချုံးနဲ့ နောင်မြတ်ပိုင် ပါ ပါသေးသည်။

ဦးရှိန်ရာ ခင်ဗျား မျက်နှာဖုံးက ဘာလဲ......

စားပွဲပေါ်မှာ ရေးလက်စ စာအုပ်တစ်အုပ် နဲ့ ဝနကျော်စွာ ဓာတ်ပုံကို  တွေ့တာကြောင့် အတ္တ ယူလိုက်သည်။
ဓာတ်ပုံရဲ့ နောက်ကျောကို လှန်ကြည့်လိုက်တော့

"ပြန်ဆုံ တွေ့ပြီပေါ့" ဆိုတဲ့ စာလေးရေးထားသည်။ ဘာသဘောလဲ။

"Boss ပြန်ထွက်ဖို့ ပြင်တော့ ဦးရှိန်ရာ ပြန်လာနေပြီတဲ့"

After the painWhere stories live. Discover now