Zawgyi❣️
လင်းချုံ ပြတဲ့ ပုံတွေကို အတ္တ တစ်ပုံချင်းစီ ကြည့်ရင်း အတ္တ မျက်နှာမှာ အမည်မသိ ပုံရိပ်များ ဖြတ်ပြေးလျက်။
"မသေချာသေးပါဘူး ငါသေချာအောင် စုံစမ်းခိုင်းထားတယ်"
လင်းချုံ ပြောလို့တောင် မဆုံးသေး အတ္တက မတ်တပ်ထရပ်သည်။
"ဝနကျော်စွာ အခု ဘယ်မှာလဲ!!"
"အတ္တ မင်းစိတ်ကို အေးအေး ထားမှ ရမှာလေ"
"အခုချက်ချင်း ဦးရှိန်ရာ ဘယ်မှာလဲ ဆိုတာစုံစမ်းလိုက်"
အခန်းထဲကနေ ဝုန်းဒိုင်းကြဲစွာ ထွက်သွားတဲ့ အတ္တကြောင့် လင်းချုံမှာ အနောက်က ပြေးလိုက်ရသည်။မနေ့ညက ဒီကိစ္စ ပြောသင့်မပြောသင့် သူအကြိမ်ကြိမ် စဉ်းစားပင်မယ့် ပြောလိုက်တာက ပိုမှန်မယ် ထင်ခဲ့တာ။ အခုတော့ သူ့အတွေးက မှားခဲ့ပြီလား ။
ဦးရှိန်ရာရဲ့ Laptopထဲကနေ ဓာတ်ပုံတွေပေါင်းစွာကို တွေ့ခဲ့တယ်။ အတ္တရဲ့ ပါးပါးနဲ့ ပုံတွေရော။ အတ္တတို့ မိသားစုနဲ့ ရိုက်ထားတဲ့ ပုံတွေရောပေါ့။ အဲ့ထဲကမှ သူထူးထူးခြားခြား တွေ့ခဲ့မိတာက အတ္တ အကိုရဲ့ ပုံ။ ပုံက တစ်ပုံထဲ မဟုတ်ပေ။
ပြီးတော့ ထိုပုံတွေက အတ္တတို့ဆီကနေ ပျောက်သွားတ့ အရွယ်က စပြီး ရိုက်ထားတဲ့ ပုံတွေ။ချောင်းရိုက်ထားတာဆို ပိုမှန်လေမလား။
ငယ်ရွယ်စဉ်ကနေ ပုံများကိုတစ်ပုံချင်း ကြည့်ရင်း ပုံတိုင်းလိုလို ပါလာတတ်တဲ့ ကလေးငယ်ကို ကြည့်ရင်း လင်းချုံ ရင်းနှီးသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲ ပြေးတွေးလိုက်မိသည်ကို မဟုတ်ပါစေနဲ့သာ ဆုတောင်းရင်း ပုံများကို ဆက်ကြည့်လိုက်သည်။ ဒါပင်မယ့် သူ့ဆုတောင်း မပြည့်ပေ။
ကလေးဘဝက ပုံများက တဖြည်းဖြည်း ကြီးပြင်းသွားတဲ့ ပုံများက လင်းချုံ အံသြခြင်းထက် ပိုသွားသည်။ ဝနကျော်စွာ......
အတ္တရဲ့ အကိုအာကာမိုးမာန်က ဝနကျော်စွာ ဖြစ်နေတာလား...... အာဏာမိုးမာန်ရဲ့ ငယ်ဘဝထဲက ဘေးမှာ ပါနေတတ်သူက ရှင်းနောင်ဦး.....နောက်တစ်ခုက ရောင်.....လရောင်ဆိုတဲ့ အတ္တရဲ့ အချစ်ဦး အမျိုးသားလေး။လရောင်ရဲ့ ပုံတွေက ဦးရှိန်ရာဆီမှာ အများအပြား တွဲလိုက်ထားတဲ့ ပုံတွေရော ရှိသည်။ဘာတွေလဲ လောကကြီးရယ် အတ္တမိုးမာန်ဆိုတဲ့ သူ့သူငယ်ချင်းလေးကို ရက်စက်တော့မှာလား......