Zawgyi
အင့်
ကိုယ့်ကို မြင်တာနဲ့ ပြေးဖက်တဲ့ ဗိုက်ကလေး သူ့ရဲ့ အသည်းအသက်လေးကြောင့် အတ္တမှာ ဘုရားတမိသည်။
ဗိုက်ကလေး တစ်ခုခုဖြစ်သွားမှဖြင့် ရင်ကျိုးရချည်ရဲ့။
သို့ပင်မယ့် သူပြန်လာတာနဲ့ သည်းငယ်က ဒီလို ကြိုတာ ရှားပါးတဲ့ အရာတွေထဲက တစ်ခုပဲ။ ဒါကြောင့်မို့ ပုတ်ဖက်ပြီး ခေါင်းလေး ပုတ်ပေးလိုက်သည်။သည်းငယ်က ဝမ်းနည်းစရာ တစ်ခုခုရှိတာဖြစ်ဖြစ် သူ့စိတ်ထဲ နေလို့မကောင်းရင်ပဲ ဖြစ်ဖြစ် လူကပ်လွန်းတယ်။ ကျန်တဲ့ချိန်ဆိုသူ့ကို ရှိတယ်လို့တောင် ထင်တာမဟုတ်။
"ဘာဖြစ်လို့လဲ သည်းငယ် တစ်ခုခုနေလို့မကောင်းလို့လား"
မေးတော့ ရင်ခွင်ထဲက ခေါင်းခါပြသည်။ မျက်နှာကိုတော့ သူ့ရင်ဘတ်ဆီ အပ်ထားတုန်းပင်။
"ဒါဆို အခန်းထဲ သွားရအောင် အဲ့ကျရင် ပြောပြနော် "ဆိုတော့ ရင်ခွင်ထဲက ခေါင်းပြန်ငြိမ့်ပြသည်။ အတ္တလဲ သူ့သည်းငယ်ကို ပွေ့ချီပြီး အပေါ်ထပ် တတ်ခဲ့လိုက်သည်။
အပေါ်ထပ် ရောက်တော့ ကုတင်ပေါ် ချပေးကာ သူက ကုတင်အောက်မှာ ဒူးထောက် ထိုင်လိုက်သည်။
"ကဲ ပြောပြအုံး ကိုယ့်ယောကျာ်းလေး ဘာဖြစ်လို့လဲဟင်"
"ဒိနေ့ ဝနကျော်စွာ လာတယ် ....."
ဆက်မပြောဘဲ ရပ်သွားတာကြောင့် အတ္တ ခေါင်းညိတ်ကာ ဆက်ပြောဆိုသည့် သဘော ပြလိုက်သည်။
"ငါ ...ငါ ဝနကျော်စွာကို ကျိန်းသေ ခွင့်လွှတ်ပြီး မေ့ပစ်လိုက်နိုင်ပြီ။ အစက မေ့ပစ်တယ် ဆိုပင်မယ့် တစ်ခါတရံ ငါ့စိတ်ထဲ သူရောက်လာခဲ့တယ်။ဒါပင်မယ့် ...သူဒီနေ့ ငါ့ကို ကျောခိုင်းသွားတော့ ငါမနာကျင်တော့ဘူး။ သူနဲ့ပက်သတ်ပြီး ငါ့ခံစားချက်တွေက ဗလာနတ္တိဘဲ။ပြီးတော့ ခွင့်လွှတ်မှု......ငါသူ့ကို ခွင့်လွှတ်ဖို့က မေ့ပစ်ဖို့ထက် တကယ် ခက်ခဲတာ။ ဒါပင်မယ့်လေ မင်းရဲ့ တစ်ဦးတည်းသော သွေးသားဆိုတဲ့ အသိက ငါ့ကို ပူလောင်စေတယ်။ ငါက သူ့ကို တစ်ခုခုဖြစ်အောင် လုပ်ရင် မင်းခံစားရမှာ ဆိုပြီး ငါတွေးမိတယ်။ အဲ့တာကြောင့် ငါက မင်းမျက်နှာကို ဘဲ ကြည့်ပြီး နေမှာမလို့ မင်းရဲ့ အစ်ကိုကို ငါခွင့်လွှတ်နိုင်ပါတယ်။ မင်းရှိတဲ့ ဘက်အခြမ်းမှာဘဲ ငါနေထိုင်မယ်။
ငါ...ငါ မင်းကို အရမ်းချစ်မိသွားပြီ ....။ ဝနကျော်စွာတုန်းကလဲ ချစ်ခဲ့တာဘဲ မလားလို့ မင်းထင်ကောင်း ထင်နိုင်တယ်။
ဒါပင်မယ့် ချစ်ခြင်း မတူဘူး။ မင်းက ငါ့ရဲ့ ဒုတိယအချစ်ဆိုပင်မယ့် နောက်ဆုံး အချစ်တစ်ခုလဲ ဖြစ်တယ် "