Zawgyi🍀
"နေရာက ဖယ်ပေးနိုင်မလား"
ဝနကျော်စွာ ထိုင်နေတဲ့ နေရာကို တိုက်ရိုက်သွားပြီး ရှင်းနောင်ဦး ပြောလိုက်သည်။တစ်ကယ်ဆို အဲ့နေရာက သူ့နေရာမဟုတ်လား။
"ဘာအတွက်လဲ"
ခပ်ထေ့ထေ့ ပြောလာတဲ့ ဝနကျော်စွာကြောင့် ဘေးက အမျိုးသမီးက ခပ်ဟဟရယ်လာသည်။
"ကိုယ့်နေရာ ကိုယ်သိလေ"
"ကိုယ့်နေရာ ကိုယ်သိရမှာ မင်းနော် "
"ဘာ!!"
"အခု ဒီကုမ္ပဏီရဲ့ သူငှေးက ဝနကျော်စွာ ဖြစ်သွားပြီ"
ဘေးက အမျိုးသမီးက ဖြေလာသည်။
"ဒီနေရာက မင်းနဲ့ ဆိုင်လို့လား""အဟက် ငါလဲ ဒီနေရာရဲ့ ရှယ်ယာရှင် တစ်ဦးလေ"
ဒုန်းးးဖြန်းးးးး
"ကျေးဇူး မသိတတ်တဲ့အကောင် နင်အပေါ် ကောင်းပေးခဲ့သမျှတွေကို ငါနောင်တရလွန်းလို့ နင်မို့လို့ လုပ်ရက်တယ်"
ဒီလိုတွေ ဖြစ်မှာ သိလို့ မာမီကို အပြင်မှာ ထားခဲ့ပင်မယ့် မာမီက ရုတ်တရက်ကြီး ဝင်လာခဲ့သည်။
ဝနကျော်စွာကို ထုရိုက်နေတဲ့ မာမီကို ဆွဲရသည်။ ဒါက အစည်းအဝေးခန်းကြီး မဟုတ်လား။
"မာမီ တော်တော့ နောင်မြတ်ပိုင် မာမီကို ခေါ်သွား"
နောင်မြတ်ပိုင်က မာမီကို ခေါ်ထုတ်သွားသည်။
ရှင်းနောင်ဦး အစည်းအဝေးခန်းထဲမှာထိုင်ပြီး ရှယ်ယာရှင်တွေ ပြောသမျှ နားထောင်နေလိုက်သည်။သူ့ရှယ်ယာက အခု ၂၀% ဝနကျော်စွာရဲ့ ရှယ်ယာက ၃၅%ပင် ဖြစ်နေတာကြောင့် MDနေရာကို ဝနကျော်စွာက ရသွားသည်။
"စကားခဏပြောရအောင်"
အစည်းအဝေးပြီးတာနဲ့ ဝနကျော်စွာကို ပြောလိုက်သည်။
"အိုကေလေ"
"မင်းက မသွားသေးဘူးလား"
ထိုအမျိုးသမီးကို ပြောပင်မယ့် ထိုအမျိုးသမီးက မသိချင်ယောင်ဆောင်နေသည်။
"ပြောစရာရှိတာ ပြောပါ သူက လျှို့ဝှက် ရမယ့်သူမဟုတ်ဘူး"
"အဟက် ကိုကို့မယားငယ်က သူလား"