Ep......46

934 97 17
                                    

Zawgyi

ဂိုဏ်းအငယ်တွေ ထကြွမှုက သူတို့ဆီပါ ရိုက်ခတ်လာသည်။
အကြောင်းအရင်းက အတ္တတို့က ဘယ်ဂိုဏ်းနဲ့မှ မပူးပေါင်းထားတဲ့အတွက်လေ။ဂိုဏ်းအချို့ ပူပေါင်းပြီး Marsဂိုဏ်းကို တိုက်ခိုက်နေတာ အမြဲပင်။ အတ္တက အစွယ်တွေ ရိုက်ချိုးပေးလိုက်ရင် ၅နှစ်လောက်က ငြိမ်သွားကြပြန်ရော။

ရွေးကောက်ပွဲလို ၅နှစ်တကြိမ်တော့ သွေးမိုး ရွာပေးရတယ် အဟက်။ ဒီတစ်ခေါက်ကတော့ ဦးရှိန်ရာ ပါမှာ အသေအချာပင်။

တကယ်တော့ ဦးရှိန်ရာကို သူကိုယ်တိုင်တောင် ရှင်းစရာမလိုပေ။ လောဟုန်ဆီက ဆေးတွေကို တရုတ်ပြည် ပို့တယ်ဆိုတဲ့ သက်သေ ခိုင်လုံတာနဲ့ လောဟုန်က ဦးရှိန်ရာကို လက်စဖျောက်လိမ့်မယ်။ လောဟုန်နဲ့ တရုတ်ပြည်ဘက်က ရန်စရှိတာကြောင့် လောဟုန်က သူ့ဆေးတွေ မတင်ပို့ပေ။ လောဖုန်ကသာ တရုတ်ဆီ တင်ပို့သည်။ ဒါပင်မယ့် လောဟုန်ရဲ့ ဆေးတွေက ပိုကောင်းတာကြောင့် လောဟုန်ဆီက လိုချင်ကြသည်။

အခုလဲ လောဟုန်နဲ့ ဆွေးနွေးပြီးပြီ ဖြစ်သည်။လောဟုန်က ဦးရှိန်ရာကို ဆေးထပ်မပေးတော့ပေ။ဒါဆို ဦးရှိန်ရာရဲ့ လုပ်ငန်းအင်အားလျော့သွားလိမ့်မယ်။ေ လာင်ဟုန်က သူဘာသာ ဖြေရှင်းမယ်လို့ ပြောပင်မယ့် ဦးရှိန်ရာလို လူမျိုးကို အတ္တ သူ့လက်နဲ့သူ အပြတ်ရှင်းချင်သည်။

"အတ္တ ဘာတွေ တွေးနေတာလဲ"

အတွေးလွန်နေတဲ့ သူ့ကို သည်းငယ်က ဘေးက အိပ်ချင်မူးတူးဖြင့် လာမေးသည်။ဗိုက်ကြီးနဲ့ဆိုတော့ အလွန်အိပ်သည်။
ခုတောင် နေ့ခင်း၁၁နာရီမှ နိုးတာဘဲ ကြည့်ပါလား။

"ဘာမှ မတွေးပါဘူး ကိုယ့်သည်းငယ်လေး နိုးပြီပေါ့"

"တစ်ကယ်တော့ အိပ်ချင်သေးတာ"

"မအိပ်ပါနဲ့တော့ဗျာ ခေါင်းကိုက်နေမယ် မနက်စာ အာ နေ့ခင်းစာ စားပါအုံး"

"အတ္တနော် ငါက အိပ်ချင်တာမဟုတ်ဘုး ကလေးက အိပ်ဘဲ အိပ်ခိုင်းနေတာ"

နှုတ်ခမ်းထော်ထော်နဲ့ ပြန်ပြောနေတဲ့ သူ့သည်းငယ်က ကလေးတစ်ယောက် လိုပင်။ အရင်က ကလေးမဆန်တဲ့ သူ့သည်းငယ်က ဗိုက်ကြီးမှ ကလေးဆန်လာသည်။

After the painWhere stories live. Discover now