Zawgyi
"ပါးပါး သားတို့လာတယ် ....."
အတ္တနဲ့ အာကာမိုးမာန်တို့ အုတ်ဂူလေး တစ်ခုရှေ့မှာ မတ်တပ်ရပ်ပြီး ခေါင်းငုံ့နေကြသည်။ စ်တ်ထဲက ဝမ်းနည်းမှု
တွေ မြိုသိပ်ရင်း ဘာစကားမှ ထပ်မထွက်လာတော့ပေ။"အဟမ်းးး ပါးပါး ဒါက ပါးပါး အမြဲ ရှာနေခဲ့တဲ့ ပါးပါးရဲ့သား အာကာမိုးမာန်လေ ...နောက်ဆုံးတော့ ကျွန်တော် ရှာတွေ့ခဲ့ပြီ အဲ့ဒါကြောင့် ပါးပါးက စ်တ်အေးလက်အေးနဲ့ ကောင်းကင်ပေါ်မှာ ပျော်ပျော်နေပေးနော်"
အတ္တကသာ စကားအစချီပြီး ပြောလိုက်ပြီး အာကာမိုးမာန်ရဲ့ ပခုံးကို ပုတ်ပေးလိုက်သည်။
"ပါး...ပါး ....ကျွန်တော် အမှားတွေ အများကြီး ကျူးလွန်မိတယ် ပါးပါး.....ကျွန်တော့်ကို ခွင်လွှတ်ပါနော်.....ကျွန်တော် ညီလေး အနား အမြဲ စောင့်ရှောက်သွားပါ့မယ်......ကျွန်တော်တို့ကို သားအရင်းလို အမြဲ ချစ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ် ပါးပါး ....မားရဲ့ လုပ်ရက်တွေ အတွက် တောင်းပန်ပါတယ် ပြီးတော့ ကျွန်တော် လူကောင်းအဖြစ် နေထိုင်သွားပါ့မယ်"
"ပါးပါး ဒါကျွန်တော့် အမျိုးသားလေးလေ ရှင်းနောင်ဦးတဲ့
ဒါက ပါးပါးမြေးလေး ကျွန်တော်သားပေါ့ ရှင်းသန့်မိုးမာန်တဲ့"အတ္တက ရှင်းနောင်ဦးနဲ့ သားသားကို ချီကာ မိတ်ဆက်ပေးသည်။
"တွေ့ရတာ ဝမ်းသာပါတယ် ပါးပါး .....ကျွန်တော်က အတ္တရဲ့ အမျိုးသားပါ "
ရှင်းနောင်ဦးလဲ ပြန်လည် နှုတ်ဆက်လိုက်ပြီး အတ္တ လက်လေးကို ခပ်ဖွဖွ ညစ်လိုက်သည်။ အတ္တက သူ့ကို လှည့်ကာ ပြုံးပြသည်။
ပါးပါးက ငယ်ငယ်ကတည်းက သူ့သားအရင်းမဟုတ်ပါဘဲ
သားအရင်ူလို ချစ်ခင်ပေးခဲ့သည်။ ငြိုငြင်မှုဆိုတာလဲ မရှိခဲ့ပေ။
မားထက် ပါးပါးကို ပိုခင်တွယ်ခဲ့သည်။ ဒါ့ကြောင့်လဲ ပိုဝမ်းနည်းမိတာပေါ့။"ပါးပါး အခုဆို ကျွန်တော်တို့ အားလုံး ပျော်ရွင်နေရပြီ ပါးပါးက အမြဲ ပျော်ပျော်နေဖို့ ပြောခဲ့တယ်မလား.......အခု ကျွန်တော်တို့ အားလုံး ပျော်ရွင်နေရပြီ ..."