Zawgyi❣️
"ကိုယ့်သည်းငယ်လေး အဆင်ပြေရဲ့လား .....ကိုယ်တော့ အဆင်မပြေဘူး ...တစ်မနက်လေး မတွေ့ရလို့ လွမ်းနေပြီကွာ"
မှိုင်ကျနေတဲ့ emjioကြီးကိုသုံးပြီး ပို့တာကြောင့် ရှင်းနောင်ဦး ပြုံးလိုက်သည်။
"ငါလဲ လွမ်းနေတယ် ထင်တာဘဲ"
သူစာပြန်ပို့ပြီး ခုံမှာ ထိုင်လိုက်သည်။ ပြီးတော့ အခန်းရှေ့က အတွင်းရေးမှူးမလေးကို ဆက်သွယ့်သည့် ခလုတ်လေးနဲ့ ခေါ်လိုက်သည်။
ဒေါက် ဒေါက်
"ဝင်ခဲ့ အရင်နှစ်က လချုပ်စာရင်းတွေနဲ့ နှစ်ချုပ်စာရင်းတွေ ယုလာခဲ့ပေး"
"ဟို အဲ့ဒါက မမကြယ်တာရာက "
ကောင်မလေးက ထစ်ငေါ့ပြီး စကားထွက်လာသည်။
"ဘာဖြစ်လဲ...."
"မကြယ်တာရာ သိမ်းတာတွေပါ "
ရှင်းနောင်ဦး မျက်ခုံးပင့်သွားသည်။ ဘာကိစ္စ လချုပ်စာရင်းတွေကို ကြယ်တာရာက ကိုယ်တိုင် သိမ်းရတာလဲ။
"မင်းက သူ့အတွင်းရေးမှူး မဟုတ်ဘူးလား သူသိမ်းတဲ့ နေရာ မင်းမသိဘူးလား"
"သူ့အတွင်းရေးမှူးဆိုတာ ဟုတ်ပါတယ် ဒါပင်မယ့် သူသိမ်းတာတွေမသိပါဘူး"
"ok မင်းသွားတော့"
အတွင်းရေးမှူးမလေး ထွက်သွားတာနဲ့ သူဝနကျော်စွာဆီ ထပ်သွားလိုက်သည်။
"အာ Mark ဘာဖြစ်လို့လဲဗျ့"
"လချုပ်စာရင်းတွေနဲ့ နှစ်ချုပ်စာရင်းတွေ လိုချင်လို့ပါ။ လေ့လာကြည့်မလို့လေ"
"အာ အဲ့တာက "
"မရဘူးလား"
"ရပါတယ် အချိန်လေးတော့ ပေးနိုင်မလား "
"okလေ မနက်ဖြန် အရလုပ်ပေးပါ"
ရှင်းနောင်ဦး ပြောပြီး ပြန်ထွက်လာလိုက်သည်။ ရုံးခန်း ပြန်ရောက်တော့ နောင်မြတ်ပိုင်ဆီ ဖုန်းဆက်လိုက်သည်။
"နောင်မြတ်ပိုင် ကုမ္ပဏီ လုံခြုံရေးထဲ ဝင်ကြည့်လို့ရမလား"
"ဟုတ် အကို ကျွန်တော် Jနဲ့ လုပ်ကြည့်လိုက်မယ် အချိန်တော့ နဲနဲ ကြာမယ်ထင်တယ်"