Ep.....6

2.3K 172 4
                                    

Zawgyi🍀

ရှင်းနောင်ဦး ရုံးခန်းရှေ့ ရောက်တော့ တံခါးဖွင့်ဝင်ဖို့ လုပ်ပင်မယ့် အထဲက စကားသံကြောင့် တံခါးဖွင့်မယ့် လက်လေး ရပ်တန့်သွားသည်။

"မပေးနိုင်ဘူးနော် ဝနဘဲ မ ကို ပြောထားတယ်လေ ဒုဥက္ကဌနေရာက မ အတွက်ဆိုအခုမှ ဌာနမှူးနေရာဘဲ ယူဆိုတာတော့ မဖြစ်သင့်ဘူးလေ"

"အဲ့ဒါဆို ကျွန်တော်က ဘယ်လိုလုပ်ပေးရမှာလဲ သူက ဒုတိယအများဆုံး ရှယ်ယာရှင် လေ"

"တောက်စ် ဆေးရုံမှာ သူ့ကလေးကို သေအောင်လုပ်ပစ်ခဲ့ကတည်းက သူ့ကိုပါ သေအောင် လုပ်ပစ်ခဲ့ရမှာ အခုတော့ ဒုက္ခပေးပြီ"

ရုံးခန်းထဲ  ဝနကျော်စွာနဲ့ သူရဲ့မယားငယ် ကြယ်တာရာတို့ ပြောတဲ့စကာတွေကို ကြားပြီး ရှင်းသန့်ဦး သွေးပျက်လာသည်။
ဘယ်လောက်တောင် ယုတ်မာလိုက်ကြတဲ့ လူတွေလဲ။သူ့ကုမ္ပဏီကို အပိုင်ကြံရုံ အားမရကြလို့ သူ့ကလေးအထိပါ လုပ်ရက်ကြတာ။

ဝနကျော်စွာကိုလဲ သူမယုံနိုင်။ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီကလေးက သူ့သွေးသားဘဲ မဟုတ်လား။ဒါတောင် သူ့သွေးသားကိုတောင် သတ်ပစ်ရက်တဲ့အထိ ဝနကျော်စွာ ဆိုတဲ့ သူချစ်ခဲ့တဲ့လူက ယုတ်မာတာလား။

ဒေါသထွက်လွန်းတဲ့ စိတ်ကြောင့် ရှင်းနောင့်ဦး အခန်းထဲ ဝင်သွားပြီး ဝနကျော်စွာကို ပါးချလိုက်သည်။

"လူယုတ်မာ"

ရုတ်တရက် ဝင်လာတဲ့ သူ့ကို ဝနကျော်စွာနဲ့ ကြယ်တာရာက တအံတသြ ကြည့်နေကြသည်။

"ငါ့ ကလေးကို ကလေးကို သတ်ပစ်လောက်တဲ့အထိ တော်တာ် ယုတ်မာနေကြပါလား နင်တို့ကို ငါ့ကလေးကိုသတ်မှုနဲ့ ထောင်ချပစ်မယ်"

ရှင်းနောင့်ဦး စားပွဲပေါ်က သူ့ဖုန်းကို ယူပြီး ရဲစခန်းဆီ သွားဖို့ ထွက်လာလိုက်သည်။

"ဝန ဘယ်လိုလုပ်ကြမလဲ"

"ဘယ်လို လုပ်ရမလဲ အနောက်က လိုက်မယ်"

ရှင်းနောင်ဦး ကား လမ်းမပေါ် ရောက်လာတော့ အနောက်က ဝနကျော်စွာနဲ့ ကြယ်တာရာ ရဲ့ကားကပါ ရှင်းနောင်ဦးရဲ့ ကားနောက်က လိုက်လာခဲ့သည်။

After the painWhere stories live. Discover now