Zawgyi❣️
ဝနကျော်စွာ အပေါ်ထပိုင်း ဗလာကျင်းနဲ့ ထိုင်ခုံမှာ လျော့ရဲစွာ ထိုင်ပြီး ခေါင်းမော့ကာ မျက်လုံးအစုံတို့ကို မှတ်ထားသည်။
ဒီအတ်ုင်းဆက်သွားနေလို့ မဖြစ်တော့တာကို သူသိသည်။ဦးရှိန်ရာကို သူတုန့်ပြန်ဖို့ လိုအပ်နေပြီ။ဦးရှိန်ရာ .....အင်းး
ရှင်လေးနဲ့ အိမ်ထောင်ရေးသာယာစွာ ငြိမ်သက်နေတဲ့ သူ့ဘဝထဲ ရုတ်တရက်ဆန်စွာ ဝင်လာခဲ့သူ။သူ့ရဲ့ မေ့နေခဲ့တဲ့ ကလေးဘဝအတိတ်နဲ့ သူ့ရဲ့ မိသားစု အမှန်ကို ပြောပြမည်ဟု ဆိုတာ သူခိုင်းသမျှ လိုက်နာခဲ့ရသည်။
ရှင်းလေးတို့ မိသားစုက သူ့အပေါ် မိသားစုလို သဘောထားကာ ဆက်ဆံနေပင်မယ့် သူလဲ မိသားစု အမှန်ကို သိချင်သေးသည်။ပြီးတော့ သူ့ကို မလိုလားတဲ့ ရှင်းလေးအဖေ အဟက်!!!သူ့ဘဝကို ဖျက်စီးခဲ့တယ် မဟုတ်လား။အသက်တောင် မပြည့်သေးတဲ့ ကလေးတစ်ယောက်အပေါ် ဒီလိုလုပ်ရက်အတွက် သူလက်စားချေတာ မှန်တယ်မဟုတ်လား။ဦးရှိန်ရာရဲ့ လမ်းနဲ့ သူရဲ့ လမ်းက အတူတူဖြစ်တာကြောင့် သူလက်ခံခဲ့သည်။ ဦးရှိန်ရာက XMရဲ့ ပိုင်ဆိုင်မှုတွေ ယူကာ သူ့သမီးနဲ့ လက်ထပ်စေချင်သည်။အွန်းးးးသူကလဲ လူယုတ်မာရဲ့ သားကို စိတ်ဆင်းရဲစေချင်သည်။ ဆိုတော့ အဆင်ပြေတာပေါ့။
ဒါပင်မယ့် သူနောက်မှ သိလိုက်ရတာက သူရှင်းလေးကို ရည်ရွယ်ရှိကာ လက်ထပ်ခဲ့ပြီး ရက်စက်ခဲ့ပင်မယ့် ဝေးသွားမှ သူရှင်းလေးအပေါ် ခံစားချက်က အစစ်အမှန်မှန်း သူသိလာရသည်။
ကြယ်တာရာ သူ့ကိုယ်သူ အဆိပ်ပြင်းလှတယ် ထင်နေတာ ။
တကယ်က သူလဲ သူ့အဖေပါဝါကြောင့်ဘဲ။ ဦးရှိန်ရာက ကိုယ်ပိုင် ပါဝါ သိပ်မရှိဘူး။ ဒါပင်မယ့် ပါဝါ ရှိသူတွေရဲ့ အားနည်းချက်ကို ချုပ်ကိုင်ထားနိုင်တဲ့လူတစ်ယောက်.....အင့်
"ဝန...မက ဝနကို လွမ်းနေတာ"
ရုတ်တရက် သူ့ပေါင်ပေါ် လာတက်ထိုင်ကာ ဗလာကျင်းနေတဲ့ သူ့အပေါ်ပိုင်းကို ပွတ်သပ်နေတဲ့ ကြယ်တာရာကြောင့်
ဝနကျော်စွာ စိတ်ရှုပ်သွားသည်။ မချစ်သော်လည်း အောင့်ခံနမ်း ဆိုသည့်အတိုင်း ခါးကို ပြန်ဖက်ပေးလိုက်သည်။