Zawgyi🍀
ရှင်းနောင်ဦး ဒဏ်ရာတွေ တော်တော်ပင် သက်သာနေပြီ။ သက်သာဆို သူဒိကို ရောက်နေတာဘဲ တစ်လပင် ပြည့်တော့မယ်မလား။ အတ္တက သူ့အပေါ်ကောင်းပါတယ်။ ဒါပင်မယ့် ဘာလို့မှန်းမသိ လူတွေကို အယုံအကြည်ကင်းမဲ့လာသည်။
မယုံရဲတော့တာဆို ပိုမှန်မလား။လူတွေကို ကြောက်လာသည်။
ဒါပင်မယ့် အဲ့လူတွေ သူခံစားရသလို ပြန်ခံစားရအောင် လုပ်ချင်သေးသည်။ သူ့ခြေဖဝါးအောက်မှာ မျက်ရည်တွေနဲ့ တောင်းပန်ခယ နေမယ့် ရုပ်တွေကို ပျော်ပျော်ကြီး ကြည့်ချင်သေးသည်။" ဘေးအခန်းကို လာခဲ့"
ဘေးက စက်ကနေ အသံထွက်လာတာကြောင့် ရှင်းနောင်ဦ
း အတွေးထဲက ရုန်းထွက်လိုက်သည်။
အတ္တက သူ့ကို လှမ်းခေါ်ခြင်းပင်။ ဒဏ်ရာတွေလဲ သက်သာနေပြီမို့ တိုင်ပင်စရာတွေ ရှိသည်တဲ့လေ။ဒါသူ့ရဲ့ ပထမဆုံး ဒိအခန်းကနေ အပြင်ကို ထွက်ခြင်းပင်။ သူဒီကို ရောက်ကတည်းက ဒီအခန်းထဲမှာ နေခဲ့ရတာ။သူလိုအပ်တာမှန်သမျှ ပြောလိုက်တာနဲ့ လာပို့ကြသည်။
သူအခန်းအပြင်ထွက်လိုက်တော့ အပြင်က ဒီဇိုင်းတွေကြောင့်မျက်လုံးပင် ပြူးသွားသည်။ သူအခန်းက ထွက်ထွက်ချင်း အရှေ့မှာ မြင်ရတာက မှန်တွေနဲ့ ကာထားတဲ့ ဧည့်ခန်းတစ်ခုပင်။ အပြင်က လှမ်းကြည့်ရုံနဲ့တင် အထဲက ပြင်ဆင်မှုကို လှမ်းမြင်ရသည်။တီဗီဘေးမှာ ထားထားတဲ့ ပန်းအိုးကြီး နှစ်လုံးက
အဖြူရောင်ကိုမှ ရွှေအောင် အခက်အလပ်များနဲ့ ရိုးရှင်းနေပင်မယ့် တန်ဖိုးကတော့ နည်းမယ့်ပုံမပေါ်ပေ။ရှင်းနောင်ဦးလဲ အတ္တစောင့်နေရမှာ ဆိုးတာကြောင့် မစပ်စုတော့ဘဲ ဘေးနားက အခန်းကို တံခါးခေါက်လိုက်သည်။
ဒေါက် ဒေါက်
"ဝင်ခဲ့"
အထဲက အသံကြောင့် ရှင်းနောင်ဦး တံခါးဖွင့်ပြီး ဝင်လိုက်သည်။ အတ္တ၏ အလုပ်လုပ်ခန်းထင်သည်။ တံခါးဖွင့်လိုက်တာတဲ့
ကျွန်းခုံကြီး ပေါ်မှာ ထိုင်နေတဲ့ အတ္တကို တွေ့လိုက်ရသည်။ အရှေ့က ကျွန်းစားပွဲခုံကြီးကလဲ သိပ်ကို သေသပ်လှပသည်။
အခန်းရဲ့ ဘေးနှစ်ဖက်မှာ မြင့်မားတဲ့ စာအုပ်စင်ကြီးတွေ ရှိသည်။