Zawgyi❣️
"သည်းငယ် !!"
"ရှင်းလေး!!!"
ပြိုင်တူ ထွက်ပေါ်လာတဲ့ အသံကြောင့် ရှင်းနောင်ဦး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပင်မယ့် ရှောင်ချိန်မရတော့ပေ။
ဒိုင်းးးးးးအ့
သေနတ် ဒဏ်ရာကြောင့် နာကျင်နေပင်မယ့် နာကျင်စွာ ပြုံးထားသည်။ရှင်းနောင်ဦး မင်း ငါ့ဆီဘဲ ပြန်လာရမယ်.....
မင်း ငါ့ရဲ့ ခြေဖဝါးအောက်မှာဘဲ နေရမယ်.......ရှင်းနောင်ဦး သူ့အပေါ်မှာ သတိမေ့နေတဲ့ ဝနကျော်စွာကို ကြည့်ပြီး ဒီအတိုင်းကြောင်နေမိသည်။
"သည်းငယ် သည်းငယ် အဆင်ပြေရဲ့လား"
အတ္တက သူ့ကို လာမေးနေပင်မယ့် လက်ဆီက ခပ်နွေးနွေး အရာကိုသာ စိတ်ရောက်နေသည်။
"အ....အတ္တ....ဝနကျော်စွာက"
မျက်လုံးက အသက်မပါစွာ တောင်မြောက် ကြည့်ပြီး စိတ်ခြောက်ခြားနေတဲ့ သည်းငယ်ကြောင့် အတ္တ ဂရုဏာသက်စွာ ကြည့်လိုက်သည်။
"ဝနကျော်စွာ ဘာမှ မဖြစ်ဘူး သည်းငယ်....ကိုယ် ..ကိုယ် ဆေးရုံခေါ်သွားပေးမယ် "
"သူ....သူသေသွားပြီလား ငါ....ငါ"
အထစ်ထစ် အငေါ့ငေါ့ ထွက်နေတဲ့ သည်းငယ်ကို လကါနှစ်ဖက်နဲ့ မျက်နှာကို အုပ်လိုက်သည်။
"အသိစိတ်ကပ်စမ်း သည်းငယ် !!!ဘာကို ပျော့ညံ့ပြနေတာလဲ ဝနကျော်စွာ ဘာမှမဖြစ်ဘူး"
သူ့ပြောတော့ သည်းငယ်က သူ့မျက်လုံးကို စိုက်ကြည့်ပြီး မျက်ရည်တွေ ဝေ့သီလာပြီး သတိမေ့သွားသည်။
"သည်းငယ် !!သည်းငယ် ကျစ်"
"K !!မင်းလာခဲ့ ...ကျန်တဲ့လူတွေ သူတို့ခေါင်းဆောင်ကို ဖမ်းခေါ်သွား ကျန်တာတွေထားခဲ့"
ဟိုဘက်လူတွေလဲ ကြမ်းပြင်မှာ အကုန် လဲကျနေပြီမို့ Kကို ခေါ်ပြီး ဝနကျော်စွာကို ဆေးရုံပို့ဖို့ ထည့်ပေးလိုက်ပြီး သူကတော့ သည်းငယ်ကို ချီပြီး ကားထဲ ထည့်ကာ ဆေးရုံကို အနောက်ကနေ လိုက်ရသည်။
ဆေးရုံရောက်တော့ ဖုန်းကြိုဆက်ထားသည်မို့ ဆရာဝန်များက ပြာပြာသလဲ ထွက်ကြိုသည်။ ဆေးရုံအုပ်ကြီး ကိုယ်တိုင်ကပါ ထွက်ကြိုသည်။ မကြိုလို့လဲ မရဘူး ။ ဒီဆေးရုံအုပ်ကလဲ ကျန်းရေး ဝန်ကြီးမဟုတ်လား။ ရွေးကောက်ပွဲနီးတိုင်း သူ့ဆီ လာခစားနေကြကိုးးးး