Zawgyi❣️
"ကိုယ့် ခွေးလေးဆီ"
အတ္တစကားကြောင့် ရှင်းနောင်ဦး ကြောင်သွားသည်။ အတ္တက တိရစ္ဆာန်ချစ်တတ်သူ တစ်ယောက်မဟုတ်ဘူးလေ။
ရှင်းနောင်ဦး ကာစီနိုဝိုင်းတွေကို ဖြတ်ရင်း အတ္တရဲ့ အနောက်ကို လိုက်တော့ အခန်းတစ်ခုရှေ့ ရပ်သွားသည်။ တံခါးကို ဖွင့်လိုက်တော့ အထဲမှာ စားပွဲဝိုင်း အရှည်ကြီး တစ်ခုရှိသည်။
ထိုစားပွဲဝိုင်းမှာ လူတစ်ယောက်ထိုင်ပြီး သူတို့ကို ပြုံးပြနေသည်။ရှင်းနောင်ဦး မျက်နှာဖုံးအောက်က ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ စားပွဲဝိုင်းကြီး အရှေ့မှာ မှန်တစ်ချပ်ဖြင့် ကာရံထားပြီး အပြင်က ပင်လယ်ပြင်ရဲ့ အလှကို လှမ်းမြင်ရသည်။ခွေးတော့ တစ်ကောင်တစ်လေမှ မရှိ။
"လာ"
အတ္တက ရှင်းနောင်ဦးရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ပိုင်ပြီး စားပွဲဝိုင်းဆီ ဦးတည်ကာ ထိုင်ခုံမှာ ထိုင်လိုက်သည်။
"ဘာကိစ္စလဲ"
"လိ့ကို ဘာကိစ္စလဲ တစ်ခါတွေ့ဖို့ အရေးကို ပင့်နေရသေးတယ်။ ကျက်သရေတုန်းအကောင်"
တစ်ဖက်လူ စကားကြောင့် ရှင်းနောင်ဦး ထိုလူနဲ့ အတ္တ တော်တော်ရင်းနှီးမှန်း သိလိုက်သည်။
"အားအားယားယား ငါက မင်းနဲ့ ဘာကိစ္စတွေ့ရမှာလဲ"
"ခွေးကောင် ဒါနဲ့ ဒါလေးက "
ရှင်းနောင်ဦးကို မေးငေါ့ပြီး မေးသည်။
"မင်းစောက်ကြောင်းမပါဘူး"
"ဒီကောင်ကတော့ ဘာလဲ မင်းပြောတဲ့ မင်းအသည်းလေးလား"
ထိုလူ စကားကြောင့် ရှင်းနောင်ဦး မျက်နှာဖုံးအောက်က ပါးလေးရဲသွားသည်။
"ဟဲဟဲ မင်္ဂလာပါ မရီး ၊ငါက သူ့သူငယ်ချင်း လင်းချုံပါ"
မရီးဆိုတဲ့ အခေါ်အဝေါ်ကြောင့် ရှင်းနောင်ဦး ပိုလို့ပင် အနေခက်သွားသည်။
"ဟုတ် မင်္ဂလာပါ "
"အတ္တ မင်းအသည်းလေးက မျက်နှာဖုံး မဖြုတ်ဘူးလား"
"မင်း တွေ့ချင်တယ်ဆိုတဲ့ အကြောင်းသာ ပြောစမ်းပါ မရှည်နဲ့"