Zawgyi❣️
"ကျွန်မ ရှေ့နေ လာလိမ့်မယ် သူနဲ့ စကားပြော"
ကြယ်တာရာက စစ်မေးမှုများကို တစ်ခုမှ မဖြေကြားပေ။
သူ့ရှေ့နေနဲ့သာ အကုန်လွှဲသည်။ရှေ့နေလာတော့ ရှေ့နေက အကုန်ဖြေရှင်းပြီး ကြယ်တာရာ အချုပ်က လွှတ်သွားသည်။
"မကြယ်တာရာကို ဦးရှိန်ရာက အိမ်ကို လာခဲ့ပါတဲ့"
"ဒယ်ဒီပြန်ရောက်နေတာလား"
"ဟုတ်ကဲ့"
ကြယ်တာရာ ရှေ့နေကြီး အပြောကိုခေါင်း ငြိမ့်ပြီး ဒယ်ဒီအိမ်ကို သွားလိုက်သည်။ အေးပေါ့ ဒီလို အမှူက ဒယ်ဒီမှ မရှင်းပေးရင်သူလွှတ်ပါ့မလား။ ဝနကျော်စွာတို့များ တစ်ချက်လေးတောင် မလာဘူး။ တောက်စ် တခါတည်း သေသွားရမှာ....
ကြယ်တာရာ ဒယ်ဒီအိမ် ရောက်တော့ ဒယ်ဒီ့အခန်းကိုသာ တိုက်ရိုက် သွားလိုက်သည်။
ဒေါက် ဒေါက်
"ဝင်ခဲ့"
သူဝင်သွားတော့ ဒယ်ဒီက သူ့ကို ကျောပေးထားသည်။
"ဒယ်ဒီ..."
ဖြန်းးးးး
ဦးရှိန်ရာရဲ့ ပါးကို ရိုက်လိုက်တဲ့ ရိုက်ချက်ကြောင့် ကြယ်တာရာ လဲကျသွားသည်။
"ငါ နင့်ကို ဘာပြောထားလဲ ဒီကာလ ပြဿနာ မရှာပါနဲ့လို့ မပြောဘူးလား ဟမ်!!! တော်သေးတာပေါ့ အမှုစစ်ကြီးက ငါ့လူမလို့...ငါ့ကို တစ်ခါလေး ကူညီပေးပြီးတာနဲ့ နင့်စိတ်တိုင်းကျ လုပ်လို့ရပြီ ထင်နေတာလား"
ကြယ်တာရာ လဲကျနေရာမှ ပြန်ထပြီး ဒယ်ဒီရှေ့ ခေါင်းကိုဟငုံ့ထားသည်။
"မဟုတ်ပါဘူး ဒယ်ဒီ ....အဲ့ငွေတွေက ဒယ်ဒီ တရုတ်ကနေ သမီးဆီလှမ်းတောင်းတဲ့ ငွေတွေပါ"
"တောက်စ်!!!နင်ဘာစောက်သုံးကျတာ ရှိလဲ ဟမ်.....
ရှင်းနောင်ဦးကို ထပ်မထိနဲ့လို့ ငါမပြောဘူးလား ....အခုကျစောက်ပြဿနာ တတ်တာဘဲ အဖက်တင်တယ် မဟုတ်ဘူးလား""အဲ့ကောင်ဘဲ အားလုံးကို ပြဿနာရှာနေတာလေ အဲ့ကောင်ကြောင့်ဘဲ အခုလို ကိစ္စတွေ ဖြစ်နေရတာ ...အဲ့ကောင်မရှိမှ ပြီးမှာ ဒယ်ဒီရယ်"