Zawgyi
"တစ်ပတ်အတွင်း အပြီးလုပ်ကြ"
ဦးရှိန်ရာ လက်နက်ထုတ်တဲ့ အခန်းမှာ အလုပ်ရှုပ်နေသည်။
အတ္တမိုးမာန်ကြောင့် လက်နက်ဂိုထောင်ကလဲ ပျက်စီသွားတာ
ဘာမှကို ပြန်မရ။ လောဟုန်ကလဲ သူ့ကို ဆေးမပေးတော့ပေ။
ဘာကြောင့်မှန်း မသိပင်မယ့် အတ္တမိုးမာန် လက်ချက်ပဲ ဖြစ်လောက်တယ်။ သူ လောဟုန်ကို အမျိုးမျိုး ဖြောင်းဖျကာ ဆေးဝယ်သော်လည်း လောဟုန်က မပေး။ သူတရုတ်ပြည် တင်ပို့တာ ဘယ်လို သိသွားမှန်းကို မသိ။သိုလှောင်ထားတဲ့ လက်နက်တွေကလဲ မရှိတော့တာကြောင့် လက်နက်အင်အားလျော့နေသည်။ ရှိတဲ့ ငွေနဲ့ ဆေးကို လောဟုန်ဆီက ဝယ်ပြီး ပြန်ရောင်းကာ အမြတ်ငွေနဲ့ လက်နက်တွေ ပြန်ဝယ်ဖို့ စဉ်းစားထားပင်မယ့် လောဟုန်က မရောင်းတော့တာကြောင့် အခက်တွေ့နေရသည်။ အခုအခြေအနေသာ
အပြင်ဂိုဏ်းက သိသွားရင် သူ့ဂိုဏ်းဝင်အစီးခံရမယ့် အနေအထားရှိသည်။အဲ့တာကြောင့် အစက အေးဆေးမှ ထုတ်မယ့် လက်နက်ကိုအမြန်ဆုံး ပြင်ဆင်နေရခြင်းပင်။ ထိုလက်နက်က တခြားတော့မဟုတ် SMK-PG-1 ပါကစ္စတန်က လက်နက် ပုံတူပင်။
အတ္တမိုးမာန်က ရုရှားမှာ လက်နက်ထုတ်တယ် ။ သူက ပါကစ္စတန်ရဲ့ လက်နက်ကို ထုတ်ရောင်းမည်။SMK-PG-1က သိပ်ကိုရှားပါးသည်။ အပြင်လူ ကိုင်ခွင့်မရှိ။ အစိုးရ လူတွေသာ ကိုင်ဆောင်ရသည်။ အရည်အသွေးကောင်းမွန်ပြီး ကျည်ညှပ်တဲ့ အတွက် အားလုံးက လိုချင်ကြသည်။ သူသာ ဒီလက်နက်ကို ထုတ်ပြီး ရောင်းရင် သေချာတယ်
သူအမြတ်များများကို ရမှာ။ကြယ်တာရာသာ သူ့တာဝန်ကို သူသေချာလုပ်ရင် ပိုကောင်းမည်။
"ကောင်မတွေ ပါးစပ်ပိတ်ထား နင်တို့ဘဲ ငွေလိုချင်တယ်ဆို
ငွေရမှာဘဲကို ဟားးးး"အော်ဟစ် တောင်းပန်ကာ ငိုယိုနေကြသည့် မိန်းကလေးများကို ကြယ်တာရာ အော်လိုက်သည်။ ထိုမိန်းကလေးတွေကို အဝါရောင်မီးမှိန်ပြပြ ထွန်းထားပြီး သံတိုင်တွေ ကာထားတဲ့ အခန်းထဲထည့်ထားသည်။ ထိုမိန်းကလေးတွက အသက်အရွယ်အရ ၁၅ ၁၆မှ စပြီး ၂၅ အတွင်း ရှိသူများ ဖြစ်သည်။ အခန်းကျဉ်းကျဉ်းတွင် အယောက် ၅၀လောက် ရှိပြီး ငိုယိုနေကြသည်။