Zawgyi
"ကစားကြလိုက်ရအောင်!!"
အတ္တနဲ့ လင်းချုံ သူတို့ဆီ ဝင်လာတဲ့ လူအုပ်ကြိးကို မဲ့ပြုံးတစ်လျက် ဆင်မြန်းလျက် ပြန်တိုက်ခိုက်ကြသည်။ ဟိုဘက်က လူများပင်မယ့် အတ္တတို့လောက် လက်ရည်မရှိတာကြောင့်
အတုန်းအရုန်းပင်။ အတ္တက သူ့သုံးဆစ်ချိုးဖြင့် လက်တွေ ချိုးပြီး လင်းချုံကတော့ သူ့ရဲ့ စကြာင်္ ဖြင့် မျက်နှာပေါ် ဒဏ်ရာများစွာ ပေးလိုက်သည်။"မထကြတော့ဘူးလားကွာ ငါဖြင့် သွေးတောင် မပူသေးဘူး "
လင်းချုံက လဲကျနေသူတွေကို ကြည့်ပြီး ငြီးတွားသည်။ အတ္တက ခပ်တည်တည်ဖြင့် နံရံထောင့်ကCCTVကို ကြည့်ပြီး ခနဲ့သလို ပြုံးလိုက်သည်။
CCTVကနေ ကြည့်နေသည့် ဦးရှိန်ရာကတော့ ဒေါသတွေ ထွက်ကာ သူ့လူတွေကို ထပ်လွှတ်ပြန်သည်။ တကယ်တော့ ဦးရှိန်ရာနဲ့ အတူ ဝနကျော်စွာပါ ရှိနေသည်။ ဝနကျော်စွာ ခေါ် အာကာမိုးမာန်ကတော့ သူ့ညီအကြောင့် သိတာမို့ ခပ်အေးအေးသာ ထိုင်ပြီး ဟန်ဆောင်ဒေါသထွက်ပြနေလိုက်သည်။
အတ္တနဲ့ လင်းချုံ ပြန်ထွက်မယ့် အလုပ် လူနှစ်ယောက် သူတို့ရှေ့က ပိတ်ရပ်လိုက်သည်။
ကုပ္ပလီ လူမည်းနှစ်ယောက် ပင်။ ကုပ္ပလီ လူမျိုးဖြစ်တာကြောင့် လူကောင်ထွားသည့် အတ္တထက်ပင် လူကောင်ကြီးသည်။ လင်းချုံလို ဖြူဖွေးသေးကွေးသူနဲ့ဆိုရင်တော့ မိုးနဲ့မြေပင်။
"Hello baby"
နှစ်ယောက်ထဲက တစ်ယောက်က လင်းချုံကို တဏှာမျက်လုံးဖြင့် ကြည့်ကာ ကျီစယ်တာကြောင့် အတ္တရော လင်းချုံပါ ဒေါသထွက်သွားသည်။ အသံစက်က တစ်ဆင့် ကြားနေရသည့် Kကတော့ မရုးမရွတွေ ဖြစ်ကာ ဒေါသအကြီးအကျယ်ထွက်နေသည်။
"ဖယ်!!!"
အတ္တရဲ့ ပြတ်သား ခက်ထန်တဲ့ အသံကြောင့် ထိုနှစ်ယောက်က တစ်ချက်ရယ်ပြီး အိတ်ကပ်ထဲက စုပ်လုံးကို နှိုက်ကာ ဖောက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
လင်းချုံကလဲ အားကျမခံ အိတ်ထဲက ပီကေထုတ်ကာ အတ္တကို တစ်ခု လှမ်းပေးသည်။ အတ္တကလဲ ယူပြီး ဝါးလိုက်သည်။