Zawgyi❣️
ုဒုန်းးးးး ခလွမ်းးးးးးအားးးးး
အားးးး!!!!
ဝနကျော်စွာ အရက်သောက်နေရင်း ရှင်းနောင်ဦး အကြောင်းဒေါသထွက်ကာ သောက်လက်စ ဖန်ခွက်ကို နံရံဆီ ပစ်ပေါက်လိုက်သည်။"ဘာဖြစ်နေတာလဲ ဝန"
ကြယ်တာရာက အပေါ်ထပ်က ဆင်းလာပြီး ထမင်းစားခန်းဆီ ပြေးလာသည်။
"ဘာလဲ ရှင်းနောင်ဦးကြောင့်ဘဲလား အစကတည်းက သေမယ့်ဟာကို ဘာလို့ သူရဲကောင်း ဝင်လူပ်လဲ"
"မင်းးပါးစပ်ပိတ်ထား!!!"
ဝနကျော်စွာ ကြယ်တာရာကို အော်လိုက်သည်။
"ငါ့ကို မအော်နဲ့ ဝနကျော်စွာ မင်းး ဘာဖြစ်နေတာလဲ ဟမ်!! သူ့အတွက် ငါ့ကို့ အော်နေတာလား"
ကြယ်တာရာကလဲ အားကျမခံ ပြန်အော်သည်။
"ကျွန်တော်ပြောထားပြီးသား ရှင်းနောင်ဦးကို ကျွန်တော်ကလွဲပြီး ဘယ်သူမှမသတ်ရဘူး ...ဘယ်သူမှ မထိရဘူး!!"
"ဝန ...မင်း မှန်မှန်ပြော မင်း ရှင်းနောင်ဦးကို ချစ်နေသေးတာလား"
"ဘာ!!"
ဝနကျော်စွာ စုပ်တစ်လျက် သပ်လိုက်ပြီး ထသွားဖို့ ပြင်သည်။ ဒါပင်မယ့် ကြယါတာရာက လက်ကို ပြန်ဆွဲထားသည်။
"ဖြေပြီးမှ သွား ဝနကျော်စွာ"
"ကျစ်...ဘာဖြစ်နေတာလဲ ကျွန်တော် စိတ်ရှုပ်နေတယ် ဖယ်"
ဆွဲထားတဲ့ လက်ကို ဖယ်ချကာ ထွက်သွားတဲ့ ဝနကျော်စွာရဲ့ ကျောပြင်ကို ကြည့်ပြီး ကြယ်တာရာ မဲ့ပြုံး ပြုံးလိုက်သည်။ ဘာလို့ ရှင်းနောင်ဦးလို အကောင်မျိုးကို မမေ့နိုင်ကြရတာလဲ။
ရှင်းနောင်ဦး နင်က ငါလိုချင်တဲ့ အရာမှန်သမျှကို ရနေတာဘဲနော်...နင့်အတွက် ကံကောင်းတာလား ကံဆိုးတာလား ငါမပြောတတ်ဘူး။ ဒါပင်မယ့် ငါက ကံဆိုးအောင် လုပ်ပေးမှာ။
ဒီရက်ပိုင်းတော့ ငြိမ်နေရမှာဘဲ။ ဝနကျော်စွာ မင်းးရှင်းနောင်ဦးကို မင်းကိုယ်တိုင် သိပ်သတ်ချင်နေတယ်မလား...
ငါကလဲ ရှင်းနောင်ဦးကို သူချစ်တဲ့လူတွေ လက်ထဲဘဲ သေငေ် လုပ်မှာ....