Zawgyi🍀
ရှင်နောင်ဦး မျက်လုံးဖွင့်မရပင်မယ့် အသံတွေ နားထဲ ကြားနေရသည်။ဆရာဝန်တွေရဲ့ အသံတွေ မာမီရဲ့ ငိုသံတွေ သို့သော် မျက်လုံးက လုံးဝဖွင့်မရ။
ခဏနေတော့ ရှင်းနောင်ဦး သတိရလာသည်။အလင်းနဲ့ထိတွေ့မှု ခဏတာ ကင်းဝေးခဲ့တဲ့ မျက်လုံးက ဖွင့်ဖွင့်ချင်း ကျိန်းစက်နေသည်။
"သား သတိရလာပြီလား"
မာမီအသံကြောင့် ဘေးကိုကြည့်မိတော့ မျက်လုံးများနီရဲကာ အစ်နေတဲ့ မာမီကို တွေ့လိုက်ရသည်။
"အွန်း မာမီ သားဘာမှမဖြစ်ပါဘူး"
"အွန်းပါ သားဘာမှမဖြစ်ရင်ဘဲ ရပါပြီ"
မာမီကို အနည်းငယ် ပြုံးပြလိုက်ပြီး သူ့ဗိုက်ကလေးကို သတိတရ စမ်းလိုက်တော့ အရင်လို ဗိုက်လုံးလုံးလေး မရှိတော့ပေ။
ပြားချပ်နေတဲ့ ဗိုက်ကြောင့် ရှင်းနောင်ဦး အနည်းငယ် လန့်သွားသည်။"မာမီ..."
သူမာမီဘက်ကို လှည့်ကြည့်ပြီး အဖြေရှာမိတော့ မာမီက မျက်ရည်တွေ စီးကျလာပြီး ခေါင်းခါပြသည်။သူသတိမမေ့ခင်က အောင့်တတ်လာတဲ့ ဗိုက်အကြောင်းနဲ့ မာမီကို ကြည့်ပြီး အဖြေထုတ်လိုက်တော့ မယုံကြည်နိုင်စရာ အဖြေတစ်ခု။သူရဲ့ ကလေးလေး သူရဲ့ အနာဂတ်လေး။
သူသိပ်ကို မျှော်လင့်ထားပြီး စိတ်ကူး ပုံဖော်ထားတဲ့ ကလေးလေးက မရှိတော့ဘူးတဲ့လား။ယောကျာ်းတစ်ယောက်ပင်မယ့် ဝမ်းနဲ့လွယ်တဲ့အထိ သူသိပ်မြတ်နိုးခဲ့ရတဲ့ ကလေးလေး။မယုံကြည်နိုင်ဘူး
"မဟုတ်ဘူး မဟုတ်ဘူး မာမီ သားကလေးလေး"
ရုတ်တရက် ထထိုင်လိုက်တာကြောင့် ချုပ်ထားတဲ့ ဗိုက်က ချုပ်ရိုးက ဆစ်ကနဲ ဖြစ်သွားပြီး သွေးထွက်လာသည်။
"သား စိတ်ထိန်းပါ သားချုပ်ရိုးက မကျက်သေးဘူးလေ"
ဘာမှပြန်မပြောဘဲ မျက်ရည်တွေသာ တသွင်သွင်စီးကျနေတဲ့ သားဖြစ်သူကြောင့် ဒေါ်ခင်မူယာဦးလဲ စိတ်မကောင်း။သူ့သားရဲ့ကလေး သူ့မြေးလေးအတွက် သူလဲ စိတ်မကောင်းဖြစ်ရသည်။မိဘတစ်ယောက်အနေနဲ့ သားဖြစ်သူရဲ့ ခံစားချက်ကို နားလည်ပေးနိုင်သည်။