Zawgyi
"ဘာတွေလုပ်နေလို့ ငွေက အဲ့လောက်ကုန်နေတာလဲ မ ရာ"
"ဝနကလဲကွာ မ နည်းနည်းလေး သုံးတာပါ"
"တစ်နေ့ထဲ သိန်း၅၀၀သုံးတာ နည်းလား ပြီးတော့ အဲ့တာ ကုမ္ပဏီငွေတွေလေ"
စိတ်ရှုပ်စွာ ပြောနေတဲ့ ဝနကို ကြယ်တာရာ အနောက်ကနေ ဖက်လ်ုက်ပြီး ကျောကို မျက်နှာအပ်ထားလိုက်သည်။
"ဝနကလဲကွာ ဒီကိစ္စက ဝနမပြောရင် ဘယ်သူမှမသိသလို ဝန ဖြေရှင်းလို့ ရပါတယ် နော် ဘာလဲ ဝနက မ ကို မချစ်တော့ဘူးလား"
သူချွဲချွဲ နွဲ့နွဲ့လေး ပြောလိုက်တော့ ဝနက နောက်လှည့်ပြီး သု့ကို ပြန်ဖက်လာသည်။ အဟက် ဝနကျော်စွာဆိုတဲ့ လူက သူ့မာယာနဲ့ သူ့အလှအောက်က ဘယ်တုန်းက ရုန်းထွက် နိုင်ဖူးလို့လဲ။
"နောက်ဆိုရင်တော့ ဆင်ခြင်နော် မ ကို ကျွန်တော်မချစ်တော့ဘူးဆိုတဲ့ စကားတော့ နောက်တစ်ခါမပြောပါနဲ့နော်။ မ ကို ချစ်လို့ မ စိတ်တိုင်းကျ အရာရာ လုပ်ပေးခဲ့တာမဟုတ်လား"
"သိတာပါ့ မ လဲ ဆင်ခြင်ပါမယ်နော် ဒါနဲ့ ဒီနေ့ ရှင်းနောင်ဦး
ရဲ့ တစ်နှစ်ပြည့်နော်""ဟုတ်လား မေ့တောင် မေ့နေတယ်။ ကျွန်တော့် စိတ်ထဲ မကလဲ လွဲရင် ဘယ်သူမှမရှိဘူး"
"အဟက် အပိုတွေ"
ပြောပြီး ဝနရဲ့ နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။ အနမ်းတွေ ပြင်းထန်လာပြီး ခဏကြာတော့ ရုံးခန်းထဲမှာ ငြီးသံများ မဖွ
်မရာ အသံများဖြင့် ဆူညံသွားသည်။အလုပ်ကိစ္စ တင်ပြလို့ လာတဲ့ ဝန်ထမ်းတွေကတော့ ရုံးခန်းအရှေ့ကနေ ကြားရတဲ့ အသံတွေ ကြောင့် နှာခေါင်းရှုံ့ကာ ထွက်သွားကြသည်။
ခဏကြာတော့ ကြယ်တာရာ ရုံးခန်းက ထွက်လာသည်။
"အွန်း ခဏနေ ရောက်မယ် ။ အာ စောင့်နေပါဆို ။ အခု လာပြီဆိုကွာ"
ဖုန်းပြောပြီး ထွက်သွားတဲ့ ကြယ်တာရာကို ဝန်ထမ်းများက တီးတိုး ပြောနေကြသည်။
"ဟဲ့ သူ့ကိုယ်သူတော့ ဟုတ်လှပြီ ထင်နေမှာပေါ့ ငါတို့အမြင်တော့ အပျက်မသာသာပါဟယ်"