Zawgyi
"တူတူရေ ဝါးးးးး"
"ဗြဲ.....အူးးဝါးးူးးဗြဲ......"
မြူနေတာကို ထငိုတဲ့ သားသားကြောင့် အတ္တ တပည့်တွေ ပြာယာခတ်ကုန်သည်။ စတဲ့သူကစ ၊ အရုပ်တွေနဲ့ ကစားပြသူက ကစားပြနဲ့ အလုပ်ရှုပ်နေကြသည်။ ဒါမှ သားသားက တခစ်ခစ်နဲ့ ရယ်သည်။
အမြဲ လက်နက်တွေ အတိုက်ခိုက်တွေကြားမှာဘဲ ကျင်လည်နေကြတဲ့ လူကြမ်းကြီးတွေက အခုတော့ ကလေးသေးသေးလေး ရယ်ဖို့ အတွက် လုံးပန်းနေရသည်။
သားသား အိပ်သွားမှ အားလုံး ကြမ်းပြင်ပေါ် လှဲချလိုက်သည်။
"bossဆီမှာ လေ့ကျင့်ရေး ဆင်းတုန်းကတောင် ဒီလောက် မပင်ပန်းဘူး "
"ဟုတ်ပါ့ ဒါပင်မယ့် သားသားက ချစ်ဖို့ကောင်းတော့
သူတစ်ခါ ရယ်ပြရင် အမောပြေသွားရော""အဲ့တာတော့ ဟုတ်တယ် Bossကို အားကျလိုက်တာ"
သူတို့ပြောနေတုန်း အပေါ်ထပ်က ဆင်းလာတဲ့ အတ္တကြောင့် လှဲနေရာက အားလုံး ထလာကြသည်။
"သားသား အိပ်သွားပြီလား"
"ဟုတ် boss အိပ်သွားပြီ ....bossလေးရော အိပ်သွားပြီလား"
"အွန်း ငါ သားသားကို ခေါ်သွားပြီ"
အတ္တက ပုခက်ထဲက သားသားကို ချီပြီး အကေါ်ထပ် ခေါ်သွားသည်။
"အော် ငါတို့က သားသားကို သိပ် bossက သူ့ယောကျာ်းကို သိပ်ရ အဆင်ပြေနေတာဘဲ"
အတ္တတပည့်တွေထဲက တစ်ယောက်က အတ္တရဲ့ နောက်ကျောကို ကြည့်ပြီး ပြောတော့ အားလုံး ထရယ်ကြတော့သည်။
အတ္တ သားသားကို ချီကာ အခန်းထဲ ရောက်တော့ သည်းငယ်အနား ချပေးလိုက်သည်။
အိပ်ပျော်နတဲ့ သူ့ရဲ့ အသည်းအသက်လေး နှစ်ယောက်ကို နမ်းလိုက်ပြီး အတ္တလဲ ဘေးမှာ ဝင်အိပ်လိုက်သည်။
နေ့ခင်းဘက်ဖြစ်သော်လည်း ကလေးငယ်ငယ်ရှိတဲ့ အိမ်တိုင်းက ဒီလိုပါဘဲ။ ကလေးတွေက နေ့နဲ့ည မှားတတ်ကြတယ်လေ။ သားသားလဲ နေ့နဲ့ည မှားပြီး ညဆို မအိပ်ဘဲ ထထငိုသည်။ ဘယ်သူမှလဲ မအိပ်ရပေ။ သည်ူငယ်က ပိုဆိုးတာပေါ့။
ညဆို သားသားကို နိုးတိုက်ရတာနဲ့ သားသား ထထငိုတော့ ချော့ရတာနဲ့။