Zawgyi
"Boss ဆရာဝန်လေးက သူ့အိမ် ခဏပြန်ချင်လို့တဲ့"
"အွန်း ခဏဆို လွှတ်လိုက် ညမအိပ်နဲ့လို့ ပြောလိုက် ပိုက်ဆံလဲ ပေးလိုက်"
"ဟုတ်"
အတ္တက သနားကြင်နာတတ်သူ မဟုတ်ပင်မယ့် သည်းငယ် အပေါ် ကောင်းတဲ့လူတွေကိုတော့ သေချာပေါက် သူကျေးဇူးဆပ်သည်။ပြီးတော့ ဆရာဝန်လေးက ယုံကြည်ရသူမဟုတ်လား။
"Bossက သွားပါတဲ့ ညတော့ မအိပ်နဲ့တဲ့"
"ဟုတ်ကဲ့ပါ ချက်ချင်း ပြန်လာခဲ့ပါမယ်။ အိမ်မှာ အမေ နေမကောင်းဘူးလို့ ဖုန်းဆက်ခေါ်လို့ ခဏပြန်ကြည့်မလို့ပါ"
ဆရာဝန်လေး ထွက်သွားတာနဲ့ J အနောက်က လိုက်သွားလိုက်သည်။ အတ္တမိုးမာန် အိမ်မှာနေတဲ့ လူတိုင်း သေချာပေါက် အသက် အန္တရာယ် ရှိတယ်မဟုတ်လား။ Bossရဲ့ အသည်းနှလုံးနား နေတဲ့ သူဆို ပိုတောင် စိုးသေး။
ဆရာဝန်လေး အိမ်ကို ဘေးကင်းကင်း ပြန်ရောက်သွားတာကြောင့် Jလဲ ပြန်လှည့်လာလိုက်သည်။ ပြန်လှည့်ဖို့ ပြင်တဲ့ချိန်မှာ ဆရာဝန်လေးတို့ ခြံနားမှာ ရပ်နေတဲ့ ကားထဲက လူနှစ်ယောက်ကို တွေ့လိုက်ရသည်။
မသင်္ကာတာကြောင့် J ခဏစောင့်ကြည့်နေလိုက်သည်။ ခဏနေတော့ အိမ်ထဲက လူနှစ်ယောက် ထပ်ထွက်လာပြီး ခုန J မသင်္ကာတဲ့ ကားပေါ် တတ်သွားပြီး ထွက်သွားကြသည်။
Jလဲ အခြေအနေ ခဏစောင့်ကြည့်ရင်း Bossဆီ ဖုန်းဆက်လိုက်သည်။ Bossက အိမ်ထဲ သွားကြည့်ဖို့ ပြောတာကြောင့် Jကားပေါ်က ဆင်းပြီး ခြံထဲ ဝင်လိုက်သည်။
J ခြံထဲခြေချတုန်းရှိသေး ဆရာဝန်လေးနဲ့ သူ့မိသားစုက အထုတ်တွေ ကားပေါ် တင်နေသည်။ Jဝင်လာတာလဲ မြင်တဲ့ပုံ မပေါ်ပေ။ အလျင်လိုနေသည့် ပုံစံများဖြင့် မျက်နှာလဲ မကောင်းကြပေ။
J အထုတ်တွေ ကားပေါ်တင်နေတဲ့ ဆရာဝန်လေး လက်ကို ဆွဲလိုကါသည်။
"J...."
သူလက်ဆွဲလိုက်တော့ ဆရာဝန်လေးက တုန်ရီစွာ သူ့နာမည်ကို ခေါ်သည်။
"ဘာတွေ လုပ်နေတာလဲ ဆရာဝန်လေး"
"ကျွန်တော်တောင်းပန်ပါတယ်။ Bossကိုလဲ ပြောပေးပါ တောင်းပန်ပါတယ်လို့......ကျွန်တော် မိသားစု ဘေးကင်းဖို့အတွက် ကျွန်တော် ဒီက ထွက်သွားမှ ရမယ်"