Ep......19

2K 155 2
                                    

Zawgyi❣️

ရှင်းနောင်ဦး ဒီနေ့ သူကုမ္ပဏီကို သူပြန်ခေခြချလိုက်ရတာကြောင့် အရင်ကအကြောင်းတွေ ပြန်လွမ်းဆွတ်လာသည်။
ဒီကုမ္ပဏီမှာ သူနဲ့ ကိုကို အတူအလုပ်တွေ အတူလုပ်ကာ ဝန်ထမ်းတိုင်းက သဘောတကျရှိပြီး နွေးထွေးခဲ့ကြတယ်မလား။လမ်းချင်းတွဲပြီး ကုမ္ပဏီကိုလာတဲ့ အချိန်တွေ နေ့လည်စာ အတူစားတာတွေ၊ အလုပ်ချိန်မှာ ဟိုလိုလို ဒီလိုလိုနဲ့ ကိုကိုက ကော်ဖီလာပို့တာတွေက မနေ့တစ်နေ့ကလိုပင်။

ဘာကြောင့်များ ဒီလောက်ရက်စက်ခဲ့ရတာလဲ!!!!
ဖေဖေကြောင့်ဆိုတဲ့ မဖြစ်နိုင်တဲ့ အရာတစ်ခုကို အကြောင်းပြပြီး အခုလို လုပ်ရက်တွေ လုပ်တဲ့ ဝနကျော်စွာက သိပ်ကို ဟန်ဆောင်ကောင်းသည်။ သူ့ဘေးနားမှာ တစ်သက်လုံး ဟန်ဆောင်ပြီး နေလာခဲ့တဲ့လူ။ သူကိုကိုလို့ ခေါ်တိုင်း ပြုံးရယ်နေတာတွေက မျက်နှာဖုံး တစ်ခုတဲ့လား။ အဟက်~~~ငါကတော့ မင်းတို့ရှေ့တင် မျက်နှာဖူံးနဲ့ ပြန်လက်တုန့်ပြန်ပြမယ်။

သူကုမ္ပဏီထဲ ဝင်လာတာနဲ့ ဝန်ထမ်းတွေက သူ့ကို အထူးအဆန်းဝိုင်းကြည့်ကြသည်။အဖြူအနက် မျက်နှာဖုံးတပ်ထားပြီး
အနီရောင် suitကို ဝတ်ထားတဲ့ သူက ထူးဆန်းနေမှာ အမှန်ပင်။ အရင်က ဝန်းထမ်းဟောင်းတွေတော့ သိပ်မတွေ့ရပေ။
ဝန်းထမ်းတွေက အသစ်တွေ ချည်းပင်။

သူရောက်ရောက်ချင်း ဝနကျော်စွာ ရုံးခန်းသွားဖို့ ပြင်လိုက်ပင်မယ့် လမ်းတစ်ဝက်မှာ ဝနကျော်စွာနဲ့ကြယ်တာရာနဲ့ကို တွေ့သည်။

"Markလာပြီ ဆိုလို့ ကျွန်တော်တို့ လာကြိုတာ ကုမ္ပဏီကို လေ့လာအုံးမလား"

"ရတယ် ရုံးခန်းထဲ တိုက်ရိုက်သွားမယ်"

ပြောပြီး နောက်ပြန်လှည့်ပြီး ရုံးခန်းဆီ ပြန်ထွက်တော့ အနောက်က ဝနကျော်စွာနဲ့ ကြယ်တာရာပါ ပါလာသည်။ရုံးခန်းထဲ ရောက်တော့ အပြင်အဆင်က သိပ်သဘောမတွေ့လှ။ သဘောမတွေ့တာထက် ကြယ်တာရာဆိုတဲ့ မိန်းမ ထိုင်နေတဲ့ နေရာမို့ နည်းနည်းမှ မသတီပေ။

"အပြင်အဆင်ဆွေ ပြောင်းပေး!!ဒီပန်းချီကားတွေ ဒီပန်းအိုးတွေ ရှင်းထုတ်ပေးပါ စားပွဲခုံရော ဆိုဖာရောပါ လဲပေးပါ .....
ကျွန်တော်ကသူများ သုံးပြီးသား ပစ္စည်း မသုံးတတ်လို့ပါ....."

After the painWhere stories live. Discover now