Ep.....33

1.4K 115 5
                                    

Zawgyi❣️

ဂျစ်ကား တစ်စီးသဲသောင်ပြင်ပေါ်က ဖြတ်၍ ပင်လယ်ရဲ့တဖက်အခြမ်းကို ဦးတည်လျက်။ပင်လယ်ရဲ့ တစ်ဖက်အခြမ်းကို ရောက်တော့  လမ်းတစ်လျှောက် လေ့ကျင်နေကြသူများ အပြည့်ပင်။ မနီးမဝေးမှာတော့ အမည်းနဲ့ အဖြူစပ်ထားတဲ့ စံအိမ် တစ်အိမ်ရှိသည်။

ဂျစ်ကားလေးက စံအိမ်ဆီ တည့်တည့် ဦးတည်သွားပြီး စံအိမ်
ရှေ့မှာ ရပ်လိုက်သည်။ ရှင်းနောင်ဦး သိတာပေါ့။ ဒီစံအိမ်က အတ္တသူ့ကို ကယ်ပြီး ဆေးကုပေးခဲ့တဲ့အိမ်။ ဂျစ်ကားကို မြင်တာနဲ့ Kက ထွက်လာသည်။

"ရောက်နေပြီလား"

အတ္တက ကားပေါ်က ဆင်းရင်း မေးလိုက်သည်။

"ဟုတ် ရောက်နေပါပြီ"

အတ္တက သူ့ကို ကားတံခါး လာဖွင့်ပေးပြီး လက်ပေးသည်။
သဘောက သူ့လက်ကို တွဲဆိုတဲ့ သဘော။ သူလဲ သဘောတကျ ပြုံးလိုက်ပြီး အတ္တလက်ကို ဆုပ်ကိုင်လိုက်သည်။

"ဒီနေ့ သည်းငယ်အတွက် ပျော်စရာရှိတယ်"

အတ္တက စံအိမ်ထဲ ဝင်ရင်း သူ့နားကို ကပ်ပြောသည်။

တဖြည်းဖြည်း အတ္တက အခန်း တစ်ခန်းဆီ ဦးတည်သွားသည်။ ဒီအခန်းက အတ္တရဲ့ အခန်း

အခန်းထဲဝင်လိုက်တော့ ဘာမှ မပြောင်းလဲပေ။

"ဒီကို ဘာလို့"

ကျွီ.....

ရှင်းနောင်ဦး မေးတုန်းရှိသေး အတ္တက တံခါးအနောက်က ခလုတ်ကို နှိပ်လိုက်တော့ အတ္တအခန်းထဲက ကြမ်းပြင်က နှိမ့်ချသွားပြီး အောက်မှာ လမ်းပေါ်လာသည်။ ဒါက မြေအောက်ခန်းးးး

"ဒါက..."

"လာ .."

အတ္တက သူ့ကို လက်ဆွဲပြီး အောက်ကို ဆင်းသွားတော့ အောက်မှာ မီးများက ထိန်ထိန်သာနေသည်။

နည်းနည်း ဆက်သွားတော့ နံရံတစ်ခုသာ ရှိသည်။
အတ္တက အဲ့နံရံဘေးက စက်လေးမှာ မျက်လုံး scanဖတ်လိုက်တော့ တံခါးက ပွင့်သွားသည်။တံခါးဖွင့် ဝင်လိုက်တော့
လူသုံးယောက် ထိုင်နေတဲ့ ကျောတွေကို မြင်လိုက်ပြီးတစ်ယောက်က မတ်တပ်ရပ်ထားသည်။

မတ်တပ်ရပ်ထားတဲ့ ဝတ်စုံ အပြည့်နဲ့ လူက သူတို့ကို လှည့်ကြည့်လာသည်။ အတ္တက သူ့လက်ကို ဆွဲပြီး သူတို့အရှေ့မှာ ထိုင်လိုက်သည်။

After the painWhere stories live. Discover now