Ep......23

1.6K 142 17
                                    

Zawgyi❣️

"သည်းငယ် အဆင်ပြေလို့လား"

အတ္တ သည်းငယ်ကို ကုမ္ပဏီလိုက်ပို့ရင်း သည်းငယ်က သူ့ကို ပြန်ဟု ပြောတာကြောင့် မေးလိုက်သည်။

"ပြေပါတယ် ငါအခုမှ ပိုလွတ်လွတ်လပ်လပ် သူတို့ အစွယ်ကို ချိုးလို့ရမှာ"

"အွန်း ကိုယ် Kကို လွှတ်လိုက်မယ် ဒါတော့ လက်ခံ"

"အွန်းပါ မင်းလဲ အလုပ်ရှိသေးတယ်မလား လင်းချုံကို ငါလာမကြိုနိုင်လို့  တောင်းပန်ပါတယ် ပြောပေးပါအုံး"

"မလိုဘူး ကိုယ်နဲ့ မာမီကလွဲရင် သည်းငယ် ဘယ်သူ့ကိုမှ တောင်းပန်စကားမဆိုနဲ့ ကိုယ်မကြိုက်ဘူး ပြီးတော့ ကိုယ်လဲ အဲ့ခွေးကောင်ကို သွားမကြိုဘူး Kကို သွားကြိုခိုင်းမှာ"

"မင်းဟာလေ ကဲပါ ဒါဆို ငါသွားပြီ"

ကားပေါ်က ဆင်းတော့မယ့် သည်းငယ်ကို အတ္တ လက်လှမ်းဆွဲလိုက်သည်။

"နှစ်ယောက်တည်းဆို မင်း လို့မပြောပါနဲ့ဆို!!"

"ဟမ် "
ရှင်းနောင်ဦး မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။

"ယောကျာ်း!!ယောကျာ်းလို့ ခေါ်"

ပြောရင်း မျက်မှောင်ပိုကြုတ်လာတဲ့ အတ္တကြောင့် ရှင်းနောင်ဦး မစရဲတော့။

"အွန်း ယောကျာ်းရေ ငါသွားပြီနော် အူးးမွ"

ပြောပြီး ပါးကို နမ်းသွားတဲ့ ရှင်းနောင်ဦးကြောင့် အတ္တ ကျောက်ရုပ်လေး အတိုင်း ကျန်ခဲ့သည်။

သည်းငယ်က ကိုယ့်ကို ပြုစားလွန်းတယ်ကွာ.......

ရှင်းနောင်ဦး ကုမ္ပဏီထဲ ဝင်တော့ ဝန်ထမ်းဟောင်းတွေက မုန့်တွေ လာပေးသည်။ ဘယ်လောက်သတိရကြောင်းနဲ့ ငိုပါငိုကြသေးသည်။ရှင်းနောင်ဦး ရှယ်ယာရှင်တွေကို အစည်းအဝေးခေါ်လိုက်သည်။

ရှယ်ယာရှင်တွေက သူ့ကို မြင်တော့ တအံ့တြသနဲ့ တချို့ကကျ အရှက်မရှိ လာနှုတ်ဆက်ကြသည်။

"ရှင်းနောင်ဦး ငါတို့ အားယားမနေဘူး နင့်စိတ်တိုင်းကျ အစည်းအဝေး ခေါ်တာတော့ နင်လွန်သွားပြီ"

ကြယ်တာရာက ဒေါနဲ့ မောနဲ့ ဝင်လာပြီး သူ့ကိုရန်တွေ့သည်။ အနောက်မှာ ဝနကျော်စွာလဲ ပါလာသည်။

After the painWhere stories live. Discover now