Zawgyi
"ဗျာ!!!!"
ဝနကျော်စွာ အထိန့်တလန့်ဖြစ်သွားသည်။ဦးရှိန်ရာက အတ္တမိုးမာန်ကို သတ်ဖို့ သူ့ကို တာဝန်ပေးသည်တဲ့လေ။
"အတ္တမိုးမာန်လို လူမျိုးကို ကျွန်တော်က သတ်နိုင်မယ် ထင်လို့လား"
"အတ္တမိုးမာန်ရဲ့ အဖေကတောင် မင်းတို့မိသားစုကို သတ်ခဲ့သေးတာဘဲ မင်းက သူ့သားကို ပြန်မသတ်နိုင်ဘူးလား"
"ဘယ်လို...."
ဝနကျော်စွာ ထပ်မံ အံသြရပြန်သည်။အတ္တမိုးမာန်ရဲ့ အဖေက သူ့မိဘတွေကို သတ်ခဲ့တာလား။ ဒါဆို အတ္တမိုးမာန်နဲ့ သူနဲ့က ဘာမှ မတော်ဘူးပေါ့။
အံသြနေတဲ့ ဝနကျော်စွာကို ကြည့်ပြီး ဦးရှိန်ရာ ပြုံးလိုက်သည်။ ငါ့ရဲ့ ဇာတ်လမ်းလေးထဲ မျောလိုက်ပါအုံး ဝနကျော်စွာ အာ ....အာကာမိုးမာန်။
"မင်းသိရင် ဝုန်းဒိုင်း ထလုပ်မှာဆိုးလို့ ဖြည်းဖြည်းလျင်း သွားဖို့ ငါက စီစဉ်ထားတာ ။အတ္တမိုးမာန်ရဲ့ အဖေက မင်းတို့မိသားစုကို သတ်ခဲ့တာဘဲ။အတ္တကြီးတဲ့ အတ္တမိုးမာန်အဖေက မင်းတို့ လုပ်ငန်းတွေကို သဘောကျခဲ့တယ်။ သူတို့လို လူမျိုးနဲ့ မပတ်သတ်ချင်တဲ့ မင်းအဖေက ငြင်းဆန်ခဲ့တယ်။ ဒါဆို မကျေနပ်တဲ့ အတ္တမိုးမာန် အဖေက မင်းတို့ မိသားစုကို ရက်ရက်စက်စက် သေသွားခဲ့ရတယ်။ အဲ့တုန်းက ငါမင်းကို ကယ်ခဲ့တာ။ ဒါကို သိသွားတော့ မင်းကိုပါ သတ်ဖို့ လိုက်ရှာကြတယ်။ အဲ့တာကြောင့် ငါမင်းကို မိဘမဲ့ဂေဟာ ပို့ခဲ့တာ။ မင်းအဖေက ငါ့အချစ်ဆုံး သူငယ်ချင်းပါ။ငါ ...ငါ့ဘဝ တစ်လျှောက်လုံး လက်စားချေပေးဖို့ ကြိုးစားလာခဲ့တာ။ အခု မင်းပါ မင်းမိဘတွေ အတွက် လက်စားချေဖို့ လိုအပ်လာပြီ။မင်းမိဘတွေ အတွက် မင်း အတ္တမိုးမာန်ကို သတ်ရမယ်"
ဦးရှိန်ရာ ရဲ့ စကားတွေက ဝနကျော်စွာရဲ့ နားထဲ မြည်ဟီးနေသည်။ ဘာတွေလဲ ဒါဆို အတ္တမိုးမာန်ကမှ သူ့ရန်သူပေါ့။ ဦ
းရှိန်ရာက ယုံကြည်သင့်တဲ့ လူမဟုတ်ပင်မယ့် တကယ့် ပမှန်ကို သူကိုယ်တိုင်လဲ မသိတာကြောင့် ဘာကို ယုံကြည်ရမှန်းမသ်။"ဒါဆို ဒါတွေကို ကျွန်တော်က ဘာလို့ မမှတ်မိရတာလဲ"
"အဲ့ကိစ္စတွေ ပြီးတော့ မင်းအပြင်းအထန် ဖျားသွားတယ်။ အဲ့မှ မင်းမှတ်ဉာဏ်တွေ ပါသွားတာ"