Ep.....32

1.3K 118 10
                                    

Zawgyi❣️

တစ်နေ့တာရဲ့ ပထမဆုံး အလုပ်တာဝန်ကို လုပ်ရတဲ့ သူက နေမင်းကြီးပေါ့။ သူ့ရဲ့ နေရောင်ခြည် ဖြာဖြာလေး အောက်မှာ လူတွေဟာ လောဘ ဒေါသ မောဟတွေ အတွက် လှုပ်ရှား ရုန်းကန်ကြသည်။

အခန်းထဲ အလင်းရောင်ဝင်လာမှုကြောင့် ရှင်းနောင်ဦး နိုးသွားသည်။ဒါပင်မယ့် လှုပ်လို့မရ။ ဘာကြောင့်လဲဆို သူခန္ဓာကိုယ် တစ်ခုလုံး အတ္တရဲ့ ရင်ခွင်ထဲ ရောက်နေတာ ကြောင့်ပင်။
သူ့ခန္ဓာကိုယ်နဲ့ အတ္တ ခန္ဓာကိုယ်ချင်း ယှဉ်ရင် အများကြီး ကွာခြားတာကြောင့် အခုလ်ု ပုံစံကိုသာ တခြားလူ မြင်ရင် သေချာပေါက် ရှင်းနောင်ဦး ပျောက်နေမှာ။

အတ္တရဲ့ ရင်ခွင်ထဲကနေ မော့ကြည့်လိုက်တော့ သူ့နှုတ်ခမ်းနဲ့ အတ္တ မေ့စေ့လေးက ကွက်တိ ဖြစ်သွားသည်။

အတ္တက ချောသည် ဆိုတာထက် တည်ကြည်တဲ့ဘက် ပိုသွားသည်။ မျက်နှာ shapeက နိုင်ငံခြားဘက် ရောက်ပြီး စူးရှတဲ့ မျက်လုံးတစ်စုံက မျက်မှောင်ကြုတ်တာနဲ့ ပိုလိုက်ဖက် နေသယောင်။

ခေါင်းပေါ်က ဆံပင် ငုတ်စိလေးတွေက တစ်ကယ် ကိုင်လို့ကောင်းသည်။ အားလုံး ခြုံပြောရရင် အတ္တက ကိုရီးယား ကားတွေထဲက အရမ်းမိုက်တဲ့ လူသတ်သမားနဲ့ တူတယ်။
(အော်😑)

ရှင်းနောင်ဦး ကုမ္ပဏီလဲ သွားရမှာမို့ အတ္တရင်ခွင်ထဲက ထဖို့ ရုန်းပင်မယ့် လှုပ်တောင် မလှုပ်။

"ငြိမ်ငြိမ်နေကွာ အိပ်ချင်သေးတယ်"

မျက်လုံး မဖွင့်ဘဲ သူ့ခန္ဓာကိုယ်ကို ပိုတိုးလို့ ဖက်ပြီး စကားဆိုလာတဲ့ သူ့ရဲ့ ယောကျာ်း အတ္တမိုးမာန်ပါလေ။

"ငါ ကုမ္ပဏီသွားရအုံးမယ် .ဖယ်အုံး "

"ဒီနေ့ မသွားနဲ့  အရေးကြီးတဲ့ လူတွေနဲ့ တွေ့ဖို့ ရှိတယ်"

"ငါကလား"

"အွန်း အဲ့တာကြောင့် စကားမများဘဲ နည်းနည်း ထပ်အိပ်အုံး"

ရှင်းနောင်ဦးလဲ ဘာမှ ပြန်မပြောတော့ဘဲ အတ္တရဲ့ ရင်ခွင် ကျယ်ကြီးထဲ တဖန် ပြန်လည် အိပ်စက်သွားသည်။

အပေါ်ထပ်မှာ အချစ်ငှက်နှစ်ကောင် အေးချမ်းစွာ အိပ်စက်နေသော်လည်း အောက်ထပ်မှာတော့ စစ်ပွဲအလား။

After the painWhere stories live. Discover now